Motorola ရဲ့ တန်ဖိုးအသင့်ဆုံး 5G ဖုန်းတစ်လုံး ဖြစ်တဲ့ Moto One 5G Ace ကို မြောက်အမေရိကန်ဈေးကွက်မှာ ဖြန့်ချိလိုက်ပါတယ်။
Motorola Moto One 5G Ace ဟာ မှန်ပြင်အပေါ်ထိပ် အလယ်မှာ Punch-hole ကင်မရာပေါက်ဒီဇိုင်းသုံးထားပြီး ကျောဘက်မှာ စတုရန်းပုံကင်မရာအိမ် ပါရှိပါတယ်။ Moto ရဲ့ trademark အတိုင်း လိုဂိုပုံပါ fingerprint scanner တစ်ခု ကျောဘက်မှာ သုံးထားပါတယ်။
ဒီဖုန်းဟာ IP52 rated ဖုန်း ဖြစ်ပြီး ကာလာအနေနဲ့ ငွေရောင်တစ်မျိုးတည်းပဲ ထွက်ထားပါတယ်။ mid-range 5G ဖုန်းအမျိုးအစားဖြစ်ပြီး အကြီးစား 5000mAh ဘက်ထရီပါဝါနဲ့ လာပါတယ်။
Photo: Gadget Match
မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ FHD+ LCD display ရှိပါတယ်။ punch-hole ထဲမှာ 16MP selfie ကင်မရာနဲ့ လာပါတယ်။ ဒီဖုန်းကို မောင်းနှင်တာက Snapdragon X52 5G modem ပါ Snapdragon 750G processor ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Sub-6GHz 5G ချိတ်ဆက်မှု ပေးထားပါတယ်။ RAM 4GB/6GB နဲ့ storage 64GB/128GB ဆိုပြီး နှစ်မျိုးထွက်ပါတယ်။ microSD card လည်း စိုက်နိုင်မှာပါ။
ကျောဘက်စတုဂံကင်မရာအိမ်ထဲမှာ 48MP main sensor ၊ 8MP ultrawide module ၊ 2MP macro sensor နဲ့ LED flash တစ်ခုတို့ ပါရှိပါတယ်။ charging အနေနဲ့ 15W wired charging ပံ့ပိုးထားပေမယ့် ဖုန်းဘူးထဲမှာ 10W adapter ပဲ ထည့်ပေးထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ Motorola ရဲ့ My UX နဲ့ လာပါတယ်။ မြောက်အမေရိကဈေးကွက်မှာ ဒေါ်လာ ၄၀၀ (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။