• Featured

    အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ဇန်နဝါရီ ၁၆ ရက်နေ့ စတင်မည်

အိန္ဒိယက လူဦးရေ သန်း ၃၀၀ ကို ယခုနှစ် ပထမ ခြောက်လမှ ရှစ်လအတွင်း အခမဲ့ ကာကွယ်ဆေးထိုးပေးရန် မျှော်လင့်ထားပါတယ်။

လူဦးရေ ၁.၃၅ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ COVID-19 ထိန်းချုပ်တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်း သန်း ၃၀ ခန့်ကို ဦးစားပေး ကာကွယ်ဆေးထိုးနှံမှုများ ဇန်နဝါရီ ၁၆ ရက်နေ့မှာ စတင်သွားမယ်လို့ အစိုးရက ယနေ့ (ဇန်နဝါရီ ၉ ရက်) သတင်းထုတ်ပြန်ပါတယ်။

image

(Photo: Reuters)

ဝန်ကြီးချုပ်မိုဒီက COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် ပြင်ဆင်ထားမှုကို ယနေ့ သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယက ၎င်းရဲ့ လူဦးရေ သန်း ၃၀၀ ကို ယခုနှစ် ပထမ ခြောက်လမှ ရှစ်လအတွင်း အခမဲ့ ကာကွယ်ဆေးထိုးပေးရန် မျှော်လင့်ထားပါတယ်။ ကမ္ဘာတစ်ဝန်း အမေရိကန်ပြီးလျှင် COVID-19 ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယဟာ ပြည်တွင်းထုတ် ကာကွယ်ဆေးနှစ်မျိုး ထုတ်လုပ်နေပါတယ်။ ယနေ့



ထုတ်ပြန်မှုအရ အိန္ဒိယမှာ ကူးစက်ခံရသူ ၁၈,၂၂၂ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၁၀.၄၃ သန်းရှိလာခဲ့ပြီး သေဆုံးသူဦးရေ ၁၅၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

(Photo: Reuters)

အိန္ဒိယဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ဗြိတိန်မှ Oxford-AstraZeneca နဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech နဲ့ အစိုးရပိုင် Indian Council of Medical Research တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Covaxin ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်သုံးအဖြစ် တရားဝင်ခွင့်ပြုချက်ပေးခဲ့ပါတယ်။

အိန္ဒိယရဲ့ COVID-19 ကာကွယ်ဆေးအစီအစဥ်အရ ကျန်းမာရေးနဲ့ COVID-19 ထိန်းချုပ်တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ထိုးနှံပေးပြီးပါက အသက် ၅၀ အထက်နဲ့ အသက် ၅၀ အောက် အခြားရောဂါအခံရှိသူတွေကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က