ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ သမီးကြီး Portia Maung ရဲ့ မွေးနေ့မှာ စမိုင်းလ်က အခုလို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
Photo: Smile
မိခင်ဖြစ်သူ စမိုင်းလ်ရဲ့ ခြေရာကို နင်းမယ့် Portia Maung ကတော့ ဒီနေ့မှာ အသက် (၁၆) နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒါကြောင့် စမိုင်းလ်က သူမရင်ထဲက လာတဲ့ စကားတွေနဲ့ အခုလို မွေးနေ့ ဆုတောင်း ပေးထားပါတယ်။
" မေမေ့သမီးကြီး (၁၆) နှစ်လည်းပြည့်ပြီဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်းသိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်းသဘောပေါက်နေပြီ။ ပိုက်ဆံရှာရတာထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေ ပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော်။ လိမ္မာသိတတ်တဲ့ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia Happy sweet sixteen birthday" ဆိုပြီးတော့ ဇန်နဝါရီလ (၁၀) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။
Photo: Smile
Photo: Smile
သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။