Vivo ရဲ့ Gaming အသားပေး Sub-brand တစ်ခုဖြစ်တဲ့ iQOO ကနေ Flagship ဖုန်းသစ်တစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
iQOO 7 ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 888 SoC နဲ့ လာပြီး OS ပိုင်းမှာလည်း အသစ်စက်စက် Origin OS နဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ အရင်က Vivoရဲ့ FunTouch OS ကို သုံးခဲ့တာ ဖြစ်ပါတယ်။ iQOO 7 ကိုလည်း Gaming ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ဒီဖုန်းကို အလျားလိုက် Landscape Mode နဲ့ သုံးချိန်မှာ ဘယ်ညာနှစ်ဖက်မှာ ပိုပြီးတိကျတဲ့ controls တွေ ပေးနိုင်ဖို့ Pressure sensitive စနစ် ထည့်ထားပါတယ်။

Photo: GSMArea
မျက်နှာပြင်အရွယ်အစား ၆.၆၂ လက်မ ရှိပြီး FHD+ resolution ပါတဲ့ AMOLED display နဲ့ လာပါတယ်။ screen refresh rate ဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ 120Hz နဲ့လာပါတယ်။ touch sampling rate မှာလည်း 300Hz ထွက်ပါတယ်။ iQOO ကတော့ ဒီဖုန်းဟာ smooth ကျကျ ဂိမ်းကစားဖို့အတွက် instant touch sampling rate အနေနဲ့ 1000Hz အထိ တင်နိုင်မယ်လို့ပါ ကြော်ငြာထားပါတယ်။
HDR10+ panel ဟာ အပေါ်ဘက်အလယ်မှာ punch-hole ကင်မရာပေါက်ပါပြီး ဒီထဲမှာ 16MP selfie ကင်မရာ ထည့်ထားပါတယ်။ အသံစနစ်ပိုင်းမှာ Monster Audio နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Hi-Res audio ပါ dual stereo စပီကာတွေ တပ်ဆင်ထားပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Snapdragon 888 chipset သစ်နဲ့လာတာကြောင့် ဖုန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာရှိမှာမဟုတ်ပါဘူး။
Gaming Performance အတွက် အထူး စွမ်းဆောင်ရည် ချိန်ညှိစနစ်တွေပါ iQOO က ထည့်ထားတယ်လို့ ဆိုပါတယ်။ LPDDR5 RAM 8GB/12GB တို့နဲ့ UFS 3.1 128GB/256GB storage တွေပါပြီး Multi-Turbo 5.0 storage တည်ဆောက်ပုံသုံးထားပါတယ်။ကျောဘက် Panel ဒီဇိုင်းက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ BMW M Motorsport ဗားရှင်းမှာဆို ကျောဘက်မှာ ထောင်လိုက်ကာလာစင်း သုံးမျိုးနဲ့လာပြီး ကျန်တဲ့နှစ်ခုမှာ တစ်ခု ဗြောင်ကိုယ်ထည်နဲ့ ကျန်တစ်ခုက ထောင်လိုက်အမြောင်း Texture Grip စင်းတွေ သုံးထားတာပါ။
Photo: GSMArena
ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာအိမ်နဲ့အတူ သုံးလုံးတွဲကင်မရာစနစ် ပါရှိပါတယ်။ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 48MP main sensor ၊ ၁၂၀ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 13MP ultrawide module နဲ့ 50mm 13MP tele sensor နဲ့ လာပါတယ်။ main module ဟာ HDR နဲ့ Super Video Image Stabilization စနစ် ပါရှိပါတယ်။ iQOO 7 မှာ 2000mAh ဘက်ထရီနှစ်ခု ပါရှိပြီး charging speed အနေနဲ့ 120W ပါရှိတာကြောင့် ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
အရောင်ကိုတော့ အပြာဖျော့ ၊ အနက်နဲ့ BMW white ဗားရှင်း သုံးမျိုး ထုတ်ထားပြီး RAM 8GB/128GB ဗားရှင်းကို ၃၇၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခွဲခန့်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။