• Featured

    မြန်မာငွေ ၂ သိန်းခွဲကျော်ဈေးကနေ စတင်ရောင်းချသွားမယ့် TCL 20 စီးရီးဖုန်းသစ်နှစ်မျိုး ထွက်ရှိ

TCL ရဲ့ တန်ဖိုးနည်း ဖုန််းသစ်တွေ
[Zawgyi Version]

TCL 20 lineup ကနေ တန်ဖိုးသင့် ဖုန်းသစ်နှစ်မျိုး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

TCL 20 5G နဲ့ 20 SE တို့ ဖြစ်ပြီး အရင်နှစ်က စတင်မိတ်ဆက်ခဲ့တဲ့ TCL 10 5G စီးရီးထက် ဈေးသက်သာပါတယ်။ သုံးထားတဲ့ processor ကလည်း တန်ဖိုးနည်းနည်း Snapdragon 690 5G Processor ဖြစ်ပါတယ်။ TCL 20 5G ဟာ TCL ထုတ် ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဆုံး 5G ဖုန်းဖြစ်ပြီး RAM 6GB နဲ့ လာပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ LCD display နဲ့ လာပြီး ဖုန်းမှန်အပေါ်ဘက်အလယ်မှာ punch-hole ကင်မရာပေါက် ပါရှိပါတယ်။

Photo; GSMArena

TCL 20 5G ဟာ 8MP selfie ကင်မရာ သုံးထားပြီး screen အနေနဲ့ FHD+ resolution ရုပ်ထွက်နဲ့ လာပါတယ်။ fingerprint scanner ကိုတော့ ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide sensor နဲ့ 2MP macro sensor တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 18W fast charging ပါတဲ့ 4500mAh ဘက်ထရီသုံးထားပါတယ်။

TCL 20 5G မော်ဒယ်ကို အနက်နဲ့ အပြာ နှစ်ရောင်နဲ့ထွက်ထားပြီး အီတလီဈေးကွက်မှာ ၂၉၉ ယူရို (မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။ တခြားဈေးကွက်တွေကိုတော့ ဒီလကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။ ဈေးပိုသက်သာတဲ့ မော်ဒယ်က TCL 20 SE ဖြစ်ပါတယ်။ အကြီးစား ၆.၈၂ လက်မ LCD screen နဲ့ လာပြီး HD+ resolution ပဲ ပါရှိမှာပါ။ 

Photo: GSMArena

waterdrop notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ Snapdragon 460 SoC ၊ RAM 4GB/64GB storage နဲ့လာပြီး microSD card ကနေ 256GB အထိ တိုးနိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ 16MP main sensor ၊ 5MP ultrawide- angle ကင်မရာနဲ့ 2MP အရန်ကင်မရာတို့ ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000mAh နဲ့လာပြီး 18W fast charging ပံ့ပိုးထားပါတယ်။ 

ဖုန်းနှစ်မျိုးစလုံးဟာ NFC နဲ့ USB-C port တို့ ပါဝင်ထားပါတယ်။ TCL 20 SE ဟာ အနက်နဲ့ အစိမ်းနှစ်ရောင်နဲ့ ထွက်ထားပြီး ၁၄၉ ယူရို (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...