• 90Hz display နဲ့ အလတ်တန်းစား 5G ဖုန်း HTC မိတ်ဆက်

HTC ရဲ့ တန်ဖိုးသင့် 5G ဖုန်းသစ်ပါ

စမတ်ဖုန်းသစ် မိတ်ဆက်မှု ကျဲသွားတဲ့ HTC ကနေ Snapdragon 690 SoC သုံး mid-range 5G ဖုန်းသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။

တိတ်တဆိတ်ပဲ မိတ်ဆက်ထွက်ရှိလာတဲ့ HTC Desire 21 Pro 5G ဟာ 5G ဖုန်းမှန်းသိသာစေဖို့ ကျောဘက် panel အောက်ခြေမှာပါ 5G ဆိုတဲ့ စာကို ထွင်းထားပါတယ်။ punch-hole screen ဒီဇိုင်းပဲ ဖြစ်ပြီး screen size အကြီးစားနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ FHD+ LCD display ဟာ screen size ၆.၇ လက်မရှိပြီး 90Hz refresh rate နဲ့ HDR 10 Content စနစ်တို့ ပံ့ပိုးပေးထားပါတယ်။ 

image

Photo: GSMArena

သုံးထားတဲ့ Processor ဟာ 5G ချိတ်ဆက်မှုပါတဲ့ Snapdragon 690 SoC ဖြစ်ပြီး RAM 8GB/internal storage 128GB ကိုမှ microSD card ထပ်စိုက်နိုင်မှာပါ။ တခြား storage ဗားရှင်းတော့ ထွက်ရှိထားခြင်း မရှိပါဘူး။ ကျောဘက်ထောင်လိုက်ကင်မရာအိမ်ထဲမှာ လေးလုံးတွဲ 48MP main sensor ၊ 8MP ultrawide lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ရှေ့ Screen အပေါ်ဘက် အလည်တည့်တည့်မှာ 16MP selfie ကင်မရာ ထည့်ထားပါတယ်။

ကျောဘက်ကင်မရာအိမ်နဲ့ ဖုန်းဘေးဘောင် ပါဝါခလုတ်တွေကို ကြေးနီရောင်ကာလာလိုင်းနဲ့ ပြေးထားပါတယ်။ Fingerprint scanner ကိုလည်း ဖုန်းဘေးဘောင် ပါဝါခလုတ်ထဲမှာပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 5000mAh ဖြစ်ပြီး 18W Quick Charge 4.0 နဲ့ လာပါတယ်။ HTC Desire 21 Pro 5G ဟာ Dual SIM သုံးနိုင်မယ့် ဖုန်းဖြစ်ပြီး NFC ဆက်သွယ်မှုလည်း ပါရှိပါတယ်။ 

Photo: GSMArena


ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 နဲ့ပဲ ထွက်ထားတာပါ။ အရောင်အနေနဲ့ အပြာနဲ့ ခရမ်းနှစ်ရောင်နဲ့ ဝယ်နိုင်ပြီး ထိုင်ဝမ်ဒေါ်လာ ၁၁၉၉၀ (မြန်မာငွေ ၅ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က