iPhone လမ်းစဉ် လိုက်လာပါပြီ

Samsung Galaxy S21 စီးရီး ဖုန်းဘူးမှာ charger ထည့်မလာသလိုမျိုး နောက်ထွက်လာမယ့် Samsung ဖုန်းတွေမှာလည်း Charger ပါလာဖို့ မရှိဘူးလို့ သတင်းထွက်နေပါတယ်။

iPhone 12 မော်ဒယ်တွေအတိုင်း နာမည်ကြီးဖုန်းကုမ္ပဏီတချို့ဖြစ်တဲ့ Samsung နဲ့ Xiaomi တို့ဟာ ဖုန်းဘူးမှာ charger မသုံးတဲ့ အစီအစဉ်စတင်လာခဲ့ပါတယ်။ Samsung ကတော့ Galaxy S21 ဖုန်းဘူးမှာ charger ထည့်မလာတော့ပါဘူး။ နောက်ပိုင်းမှာလည်း Samsung ဟာ စမတ်ဖုန်းတွေမှာ chargers ထောက်ပံ့မှု ပေးတော့မှာ မဟုတ်ဘူးလို့ Gizmochina သတင်းက ဆိုပါတယ်။



Photo: The Verge

ဖုန်းဘူးတွေမှာ charger နဲ့ earbuds တွေ ဖယ်ရှားတဲ့အပေါ် ပေးတဲ့ အကြောင်းပြချက်ကတော့ Apple လိုပါပဲ။ Samsung အနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေကို ထောက်ပြပြီး ဖုန်းဘူးတွေကနေ Wired headphone နဲ့ charger တို့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"Galaxy users တွေဟာ ရှိပြီးသား accessories တွေကိုပဲ ပြန်ပြန်သုံးနေတာတွေ့ရပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း Recycle ပြန်သုံးတတ်တဲ့ အကျင့်ကို မြှင့်တင်ပေးဖို့အတွက် ရေရှည်တည်တံ့တဲ့ ရွေးချယ်မှုတွေ လုပ်နေကြတာပါ။ ဒီအပိုင်းမှာ Galaxy အသိုင်းအဝိုင်းကို ပံ့ပိုးပေးဖို့ ကျွန်တော်တို့ရဲ့ နောက်ဆုံးထွက် Galaxy စမတ်ဖုန်းတွေမှာ charger plug နဲ့ earphones တွေ ဖယ်ရှားဖို့ အဆင့်ဆင့် လုပ်ဆောင်နေပါတယ်။" လို့ Samsung က ထုတ်ပြန်ပါတယ်။


Photo: The Verge

Samsung ဟာ ၂၀၁၇ ကတည်းက စပြီး Galaxy ထုတ်ကုန်တွေမှာ USB-C Type charging ports တွေ သုံးလာတာ ဖြစ်ပါတယ်။ ဒီ charger အဟောင်းတွေဟာ ၂၀၂၁ ထွက် Samsung ဖုန်းသစ်တွေမှာ ပြန်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Galaxy Note 20 Ultra နဲ့ Note 10 တို့ဘူးထဲမှာတော့ charger တစ်ခု ပါနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းထွက် Samsung ဖုန်းသစ်ဘူးတွေမှာတော့ charger နဲ့ earphone တို့ ပါလာတော့မှာ မဟုတ်တော့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က