• Featured

    ရန်ကုန်တိုင်းအတွင်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရရှိရန် ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုမည်

ဆိုင်ကယ်စီးခွင့်ပြုဖို့ ထောက်ခံတဲ့ပြည်သူတွေရဲ့ သဘောထားလက်မှတ်တွေကို ကောက်ခံနေပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်မရှိဆိုတဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံကို တရားဝင်တင်ပြတောင်းဆိုသွားဖု့ိစီစဉ်နေတယ်လို့ သိရပါတယ်။

image

ဒါကြောင့် ဆိုင်ကယ်စီးခွင့်ပြုဖို့ထောက်ခံတဲ့ပြည်သူတွေရဲ့သဘောထားလက်မှတ်တွေကို ဆိုင်ကယ်စီးခွင့်ရရှိရေးလုပ်ဆောင်သူတွေကမြို့နယ်အလိုက်မှာ ကောက်ခံယူနေတဲ့အပြင် အွန်လိုင်းကနေလည်း လက်မှတ်ကောက်ယူမှုတွေပြုလုပ်နေပါတယ်။ "အခု ပြည်သူတွေ ရဲ့ သဘောထား လက်မှတ်ကိုကောက်ခံနေတယ်။ အခုဆို ၆၀၀ လောက်ရနေပြီ။ အွန်လိုင်းကလည်းလုပ်နေတယ်။ မြို့နယ်အလိုက်မှာလည်း ကောက်ခံမှုတွေလုပ်နေကြတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လက်မှတ်ထိုးထားတာကို တင်မယ် တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး၊ တရားဝင်စီးနင်းခွင့်မရှိဆိုတာကိုပယ်ဖျက်ဖို့ပေါ့"လို့ ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေးလှုပ်ရှားနေတဲ့ကော်မတီတာဝန်ခံ ကိုဝင်းကျော်မောင်ကပြောပါတယ်။



ဆိုင်ကယ်စီးခွင့်ပြုခြင်းဟာ ရာဇဝတ်မှုတွေပိုပြီးတာလာခြင်းနဲ့မသက်ဆိုင်ကြောင်း၊ ရာဇဝတ်မှုတွေများလာတာဟာ တရားဥပဒေစိုးမိုးမှုအားနည်းတာကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

"ရာဇဝတ်မှုတွေအများကြီးကျူးလွန်တယ် ကျုးလွန်တဲ့အခါ ကားနဲ့လည်းကျူးလွန်တယ်။ ဆိုင်ကယ်နဲ့လည်းကျူးလွန်တယ်၊ ရာဇဝတ်မှုကျုးလွန်သူကတော့မည်သည့်စက်ပစ္စည်းကိုမဆိုအသုံးပြုမှာပဲ၊ဒါပေမယ့် ပိုပြီးအသုံးပြုလို့လွယ်နေတာက ဆိုင်ကယ်၊ ဆိုင်ကယ်က ရာဇဝတ်မှုကျူးလွန်ဖို့လွယ်တယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်က တရားလိုင်စင်မရှိတဲ့အတွက် ရာဇဝတ်မှုကျူးလွန်ဖို့လွယ်တာ၊ကားဆိုရင် လိုင်စင်တွေ အုံနာဘုတ်တွေဘာတွေနဲ့လိုက်ရင်လိုက်လို့လွယ်တယ်၊အဓိက ဆိုင်ကယ်ကိုတရားဝင်ချပေးလိုက်မယ်ဆိုရင် လိုက်လို့လွယ်လာလိမ့်မယ်။ဆိုင်ကယ်ရှိလို့ရာဇဝတ်မှုကျူးလွန်တာမဟုတ်ဘူး။"လို့ ကိုဝင်းကျော်မောင်က ထပ်မံပြောပါတယ်။

ဒါကြောင့် ဆိုင်ကယ်အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်သူတွေလည်း ထိထိရောက်ရောက်အရေးယူ နိုင်ဖို့အတွက် လိုင်စင်ရှိ ဆိုင်ကယ်တွေကိုတရားဝင်စီးနင်းခွင့်ပြုဖို့လိုအပ်ကြောင်း၊ ဥပဒေချိုးဖောက်တဲ့ သူတွေကိုလည်း တရားဝင်စည်းကမ်းတကျအရေးယူစေချင်တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ ဆိုင်ကယ်အသုံးပြုမှုက ၁၃ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ စည်ပင်သာယာရေးနယ်နမိတ်ပြင်ပဆိုင်ကယ်စီးနင်းမှုမှာ သုံးသိန်းငါးသောင်းကျော်ဝန်းကျင်ရှိနေတယ်လို့လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနစာရင်းအရသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က