distributed ledger မှတ်တမ်းနည်းပညာနဲ့ ဆေးစာရင်းကြည့်တာပါ

ဗြိတိန်ဆေးရုံနှစ်ရုံဟာ Blockchain နည်းပညာသုံးပြီး COVID-19 ဆေးသိုလှောင်မှုနဲ့ ထောက်ပံ့မှုကို စောင့်ကြည့်မှု လုပ်ဆောင်လာနေပြီလို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ဒီဂျစ်တယ်စာရင်းအဝင်အထွက် distributed ledger မှတ်တမ်းနည်းပညာဖြစ်တဲ့ Blockchain ကို ဗြိတိန်ဆေးရုံတွေက ပထမဆုံးအကြိမ် ဆေးဝါးသိုလှောင်ပံ့ပိုးမှုတွေမှာ သုံးလာတာ ဖြစ်ပါတယ်။ Blockchain နည်းပညာကို အင်္ဂလန်အလယ်ပိုင်း စထရက်ဖို့ဒ်အက်ပွန်အဗွန်နဲ့ ဝါဝစ်ခ်ဆေးရုံနှစ်ခုက ထိုးဆေးနဲ့ Chemotherapy ကုထုံးဆေးဝါးစာရင်း ခြေရာခံခြင်းကနေ အအေးခန်းထဲ COVID-19 ဆေး သိုလှောင်မှုအထိ စောင့်ကြည့်ဖို့ သုံးလာတာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။



Photo: usnews

Blockchain နည်းပညာဟာ အနယ်နယ်အရပ်ရပ် ဆေးပစ္စည်းစာရင်းအဝင်အထွက်ကြည့်တဲ့ Supply Chains တွေက လာတဲ့ မှတ်တမ်းထိန်းသိမ်းမှုနဲ့ အချက်အလက်မျှဝေမှုတွေကိုလည်း တိကျခိုင်မာစေမှာဖြစ်ပါတယ်။ ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS အတွက် တခြားကုထုံးတွေ မှတ်တမ်းတင်ရာနဲ့ အချက်အလက်မျှဝေရာမှာလည်း ပိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ နည်းပညာအကောင်အထည်ဖော်ပေးတဲ့ Everyware နဲ့ တက္ကဆက်အခြေစိုက် distributed ledger နည်းပညာကုမ္ပဏီ Hedera တို့က ထုတ်ပြန်ပါတယ်။

လက်ရှိ Pfizer Inc နဲ့ BioNTech ထုတ် COVID-19 ဆေးတွေကို ပို့ဆောင်ရာမှာ ရေခဲခြောက်များနဲ့ ဖြစ်စေ အလွန်တရာအေးတဲ့ အပူချိန်မှာ ဖြစ်စေ သိုလှောင်ပြီးမှ ပို့ရတာပါ။ ပုံမှန် ရေခဲသေတ္တာအပူချိန်မှာ ဒီဆေးတွေရဲ့ အာနိသင်ဟာ ၅ ရက်အထိပဲ ခံပါတယ်။ လောလောဆယ် ကုန်ပစ္စည်းပို့ဆောင်ရေး အခက်အခဲတွေကလည်း COVID-19 ဆေးဝါးများ အလျင်အမြန်ဖြန့်ဖြူးရေးမှာ အတားအဆီးဖြစ်နေပါတယ်။ 

ဒါကြောင့် Blockchain မှတ်တမ်းနည်းပညာဟာ ဆေးတွေကို စက်ရုံအအေးခန်းတွေကနေ လူနာဆီထိုးနှံဖို့အထိ တောက်လျှောက်စောင့်ကြည့်ရေးမှာ လိုအပ်လာတာ ဖြစ်ပါတယ်။ Blockchain နည်းပညာ မသုံးဘဲ ဆေးပစ္စည်းစာရင်းတွေကို Manual Systems တွေနဲ့ စောင့်ကြည့်နိုင်ပေမယ့် အမှားများနိုင်တယ်လို့လည်း Everyware ကုမ္ပဏီမှ တွမ်စခရင်က ဆိုပါတယ်။ 

Photo: CNBC

"စက်တစ်လုံးချင်းစီတိုင်းကနေ ကောက်ခံထားတဲ့ အချက်အလက်တွေကို ကျိန်းသေပေါက် အတည်ပြုနိုင်ပါတယ်။ ဝင်လာတဲ့ အချက်အလက် တိကျသလားဆိုတာလည်း ကျွန်တော်တို့ဘက်က သေချာအောင်လုပ်ပါ။ ပြီးရင်တော့ ဒီအချက်အလက်ကို ဘယ်တော့မှ ပြောင်းလို့မရအောင် လိုသလိုပြုပြင်ထားတာမျိုး မဖြစ်အောင် အတည်ပြုထားပါတယ်။" လို့ သူက ပြောပါတယ်။

Blockchain နည်းပညာဟာ လုံခြုံစိတ်ချရပြီး အချိန်နဲ့တပြေးညီ အချက်အလက်တွေ မှတ်တမ်းတင်နိုင်တဲ့ ဒီဂျစ်တယ်စာရင်းအင်းနည်းပညာဖြစ်ပြီး ကုန်ကျစရိတ်သက်သာခြင်းနဲ့ ထိရောက်မှုရှိခြင်းတွေကြောင့် ဘဏ္ဍာရေးလုပ်ငန်းတွေကနေ ထုတ်ကုန်လုပ်ငန်းတွေအထိ လုပ်ငန်းအမျိုးမျိုးဟာ Blockchain နည်းပညာဖွံ့ဖြိုးရေးမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံနေကြပါတယ်။

Share

Loading Next Article...
က္က