ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ Sarawak ပြည်နယ်ကလွဲပြီး ပြည်နယ်အားလုံးကို လာမယ့် သောကြာနေ့ (ဇန်နဝါရီ ၂၂ ရက်) မှစပြီး သွားလာလှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်မိန့် (Movement Control Order - MCO) ထုတ်ပြန်ထားမယ်လို့ အကြီးတန်းဝန်ကြီး အစ္စမေးလ်ဆာဘရီရာကွတ်ဘ်က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။

(ကိုဗစ်ကူးစက်ခံရသူများနှင့် တွေ့ဆုံခဲ့သည့် မလေးရှားဝန်ကြီးချုပ်) (Photo: AFP)

မလေးရှားကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ရာကွတ်ဘ်က MCO ကို နောက်ထပ် ပြည်နယ်ခြောက်ခုဖြစ်တဲ့ Kedah ၊ Perak ၊ Pahang ၊ Terengganu ၊ Perlis နဲ့ Negeri Sembilan တို့မှာ ထုတ်ပြန်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဆိုပါ ပြည်နယ်တွေမှာ ဇန်နဝါရီ ၂၂ ရက်မှ ဖေဖေါ်ဝါရီ ၄ ရက်အထိ MCO ထုတ်ပြန်ထားမယ်လို့ ၎င်းကဆိုပါတယ်။



"MCO သတ်မှတ်ချက်တွေကတော့ အရင် ကြေညာထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်၊ ဒေသခံတွေကို တစ်အိမ်ထောင်လျှင် နှစ်ယောက်နှုန်းပဲ နေ့စဥ် လိုအပ်တာတွေဝယ်ဖို့ အိမ်အပြင်ထွက်ခွင့်ပြုမှာပါ၊ အရေးပေါ်ကိစ္စတွေအတွက်တော့ အိမ်အပြင်ထွက်ခွင့်ရှိပါတယ်" လို့ ကာကွယ်ရေးဝန်ကြီး ရာကွတ်ဘ်က ပြောပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မလေးရှားဝန်ကြီးချုပ် ယာစင်က Penang ၊ Selangor ၊ Melaka ၊ Johor နဲ့ Sabah အပါအဝင် ပြည်နယ်ငါးခုနဲ့ ပြည်ထောင်စုနယ်မြေတွေဖြစ်တဲ့ Kuala Lumpur ၊ Putrajaya နဲ့ Labuan တို့မှာ ဇန်နဝါရီ ၁၃ ရက်မှ ၂၆ ရက်အထိ MCO ထုတ်ပြန်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

ထို့နောက် Kelantan ပြည်နယ်ကိုလည်း ဇန်နဝါရီ ၁၆ ရက်မှစပြီး MCO ကြေညာခဲ့ပါတယ်။ မလေးရှားမှာ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက် ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၃,၆၃၁ ဦးနဲ့ သေဆုံးသူ ၁၄ ဦး တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AP)

အိမ်ထောင်စုနှစ်ခုမှ မိသားစုဝင်များ အပါအဝင် ကူးစက်မှုအစုအဝေး နောက်ထပ်ကိုးခုကိုလည်း တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ယခုအခါ မလေးရှားမှာ COVID-19 ကူးစက်ခံရသူ ၁၆၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၁၉ ဦးရှိလာခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်ရန် မလေးရှားဘုရင်က တစ်နိုင်ငံလုံးကို ဇန်နဝါရီ ၁၁ ရက်မှ ဩဂုတ် ၁ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း CNA သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က