ယခုနှစ်ရာသီ မော်ရင်ဟိုလက်ထက် လိဂ် ၇၄မိနစ်သာ ပါဝင်ထားနိုင်ပါသေးတယ်။

အလီက ဆရာဟောင်းရှိရာ ပီအက်စ်ဂျီကို သွားချင်သလို ပီအက်စ်ဂျီကိုလည်းအလီကို လိုချင်နေပေမယ့် နှစ်သင်း ကြား အပြောင်းအရွှေ့အတွက် ညှိမရဖြစ်နေတာလို့ သိရပါတယ်။

စပါးအသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဒယ်လ်အလီဟာ စပါးအသင်းကနေ နည်းပြဟောင်း ပွန်ချက်တီနို ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် စပါးအသင်းကတော့ ဒယ်လ်အလီနဲ့ ပတ် သက်တဲ့ အပြောင်းအရွှေ့တွေကို ပယ်ချနေတယ်လို့ သိရပါတယ်။



အလီဟာ ယခုနှစ် ဘောလုံးရာသီမှာ နည်းပြ မော်ရင်ဟို လက်အောက် လိဂ် ပြိုင်ပွဲစုစုပေါင်းတစ်ပွဲတောင် ပြည့်အောင် မကစားရသေးပဲ ၇၄မိနစ်သာ ပါဝင်ထားနိုင်ပါတယ်။

မော်ရင်ဟိုကတော့ အလီဟာ လက်ရှိ စပါးအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီးသူအသင်းပြောင်းမယ့် ကိစ္စအပေါ်မှာ တော့ မိမိအနေနဲ့တားဆီးပိတ်ပင်လိုခြင်း လုံးဝမရှိဘူးလို့တော့ ထုတ်ဖော်ပြောလာပါတယ်။

“အလီအတွက် အစားထိုးကစားသမားမရပဲ လက်လွှတ်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အဖြေမရှိပါဘူး။ဖြေဖို့ လည်း သက်တောင့်သက်သာ မရှိလှပါဘူး။ဘယ်လို ဖြေရမလဲသိပေမယ့် ဖြေဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီ အခြေအနေအပေါ် ကျွန်တော့်အမြင်ကို ချပြဖို့ ဆန္ဒမရှိသေးပါဘူး။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အလီကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတယ်လို့သိရပြီး အလီဟာ လည်းစပါးကနေ ထွက်ခွာချင်နေတာပါ။

ဒါပေမယ့် အလီအသင်းက ထွက်ခွာဖို့ ကိစ္စရပ်တွေက အသင်းဥက္ကဌ ဒန်နီရယ်ဆီကတဆင့် အရာရာဟာ  ရှုပ်ထွေးပွေလီလှနေတာပါ။

သိရသလောက် အလီဟာ ပွဲမကစားထားရသည့်တိုင် ဒန်နီရယ်က သူ့ကစားသမားအတွက် လျော့စျေးနဲ့ ရောင်းချလိုခြင်း အလျဥ်းမရှိနေတာလို့ သိရပါတယ်။

အငှားသီးသန့် ခေါ်ဖို့လည်း ပီအက်စ်ဂျီအသင်းက ဆန္ဒရှိမနေပဲ နောက်ဆုံး အငှားနဲ့ ခေါ်ယူသည့်တိုင် ဝယ်နိုင်မယ့် အခြေအနေတစ်ရပ်ပါမှသာ ခေါ်ယူချင်နေတာပါ။

ဒါကြောင့်စပါးနဲ့ ၂၀၂၄အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ အလီဟာ ရောင်းသူ ဝယ်သူ စျေးမတည့်တဲ့ ကြားမှာ မြေစာပင် ဖြစ်တော့မလား စိုးရိမ်ဖွယ် စောင့်ကြည့်ရတော့မှာပါ။

Share

Loading Next Article...
က္က