• Dimensity 1200 chipset သုံး ပထမဆုံး ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်သွားမယ့် Realme X9 Pro

Realme ကတော့ စိတ်လှုပ်ရှားစရာတွေ ဖန်တီးလာနေပါပြီ

Credit Cards ခြောက်ခုစာလောက်ပဲ ထူမယ့် Realme ရဲ့ Flagship ဖုန်းသစ်အကြောင်း သတင်းတွေ ထပ်ကြားလာရပါတယ်။

Realme ဟာ MediaTek ရဲ့ 6nm Dimensity 1200 chipset သစ်ကို သုံးမယ့် ပထမဆုံးဖုန်းတစ်လုံးအကြောင်းကို အတည်ပြုထားတာပါ။ Dimensity 1200 chipset သစ်ကို ပထမဆုံး သုံးမယ်လို့ သတင်းထွက်နေတဲ့ ဖုန်းဟာ Realme X9 Pro ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ Dimensity 1200 chipset သစ်ဟာ ပရီမီယံ chipset တစ်ခု ဖြစ်ပြီး MediaTek ကနေ အခုနောက်ဆုံး မိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ 

image

Photo: gizchina


Dimensity 1200 chipset ဟာ 168Hz display အထိ support ပေးပြီး ကင်မရာ sensor အနေနဲ့ 200MP အထိ လုပ်ဆောင်နိုင်တဲ့ 5-core ISP တစ်ခု ပါရှိတာပါ။ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ chipset ဖြစ်ပြီး ပိုအားကောင်းတဲ့ NPU စနစ် ပါရှိမယ်လို့ ဆိုပါတယ်။ Realme X9 Pro ဟာ ဒီ chipset နဲ့အတူ LPDDR5 RAM 12GB နဲ့ 128GB/256GB storage ပါရှိမှာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 11 ကို အခြေခံထားတဲ့ Realme UI 2.0 စနစ် နဲ့ ထွက်လာဖို့ ရှိပါတယ်။

နောက်ထပ် သတင်းတစ်ခုက Realme X9 Pro ဟာ 108MP ကင်မရာပါလာတဲ့ ပထမဆုံး Realme ဖုန်းဖြစ်ဖို့ ရှိပြီး ဒီကင်မရာနဲ့အတူ 13MP telel နဲ့ Ultrawide ကင်မရာနှစ်လုံးတို့လည်း သုံးလာဖို့ ရှိနေပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၄ လက်မ OLED display ဖြစ်ပြီး 120Hz refresh rate စနစ် သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ ဘက်ထရီပါဝါ 4500 mAh ဖြစ်ပြီး 65W fast charging ပံ့ပိုးမှု ပါဖို့ ရှိပါတယ်။

Realme X series ဖုန်းသစ်ဟာ အတော်လေး ပါးလွှာတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိပါတယ်။ Realme India နဲ့ ဥရောပရဲ့ CEO မက်ဒက်ဗ်ရှားရဲ့ Twitter ပေါ်မှာ Share ထားတဲ့ ပုံအရ ဒီဖုန်းဟာ Credit card ၆ ခုဆင့်ထားတဲ့ ထုနဲ့ ညီနေကြောင်း တွေ့ရပါတယ်။ မိတ်ဆက်မယ့် တရားဝင် မကြားသိရသေးတာကြောင့် သတင်းတွေ ဆက်စောင့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က