ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

အောင်ရဲလင်းကတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ လတ်တလော အနုပညာအလုပ်တွေ နားထားရတဲ့ အချိန်မှာ စီးပွားရေးအပိုင်းကို ပြောင်းဖို့ စိတ်ကူး ရှိ၊ မရှိ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ 

Photo: Aung Ye Linn



ကိုဗစ်ကူးစက်ရောဂါကြောင့် အနုပညာအလုပ်တွေ တော်တော်များများ ရပ်နားထားရတဲ့အချိန်မှာ တခြား အနုပညာရှင်တွေကတော့ ကိုယ်ပိုင်စီးပွားရေး အလုပ်လေးတွေ လုပ်လာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အောင်ရဲလင်းကတော့ သူချစ်တဲ့ အနုပညာအလုပ်ကလွဲရင် စီးပွားရေးလုပ်ဖို့ စိတ်ကူးထားတာ မရှိသေးတဲ့ အကြောင်း ပြောပြလာပါတယ်။ 

“ ကျွန်တော့်အနေနဲ့တော့ စီးပွားရေးအလုပ်ကို ပြောင်းလုပ်ဖို့အတွက် အစီအစဉ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ဒီအလုပ်ကို ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် ဒီအလုပ်ပေါ်မှာ သစ္စာရှိရှိ လုပ်ချင်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေပေါ့နော်။ အဲဒီအတွက်ကြောင့် တခြားစီးပွားရေးလုပ်ဖို့ဆိုတာ ကိုယ်တိုင်လည်း မကျွမ်းကျင်တာပါတယ် ဒီအလုပ်ကိုပဲ ပိုအားသန်တယ်။ ဒါကြောင့် ဒီအလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့အတွက်ပဲ ကျွန်တော် စဉ်းစားထားပါတယ်” ဆိုပြီးတော့ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။ 

Photo: Aung Ye Linn

အလုပ်တွေ နားထားရတဲ့အချိန်မှာ စီးပွားရေး မလုပ်ပဲ နေနိုင်တာဟာ လူချမ်းသာဖို့ထက် စိတ်ချမ်းသာအောင် နေတာ ပိုကောင်းတယ်လို့ အောင်ရဲလင်းက ပြောပါတယ်။ 

“ ကျွန်တော်က ချမ်းသာပါတယ် ဒါပေမယ့် စိတ်ချမ်းသာတာပေါ့နော်။ ကျွန်တော့် အမြင်မှာ ငွေအများကြီးရှိတာ၊ မရှိတာထက် အဓိက က ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာဖို့က အရေးကြီးဆုံးလို့ထင်တဲ့သူမို့ ကြက်ဥကြော်နဲ့ ထမင်းစားရလည်းဖြစ်တယ်။ ဆီနဲ့ဆားနဲ့ စားရမယ်ဆိုလည်း ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ချမ်းသာအောင်နေတယ်၊ ကျွန်တော်ကိုယ်တိုင် စိတ်ချမ်းသာအောင်ကျင့်ကြံတယ်၊ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုက သူများ စိတ်ဆင်းရဲမှု မဖြစ်အောင်တော့ ရှောင်ရတာပေါ့နော်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo: Aung Ye Linn

ချောမောခန့်ညားလွန်းတဲ့ပုံစံနဲ့ မိန်ကလေးပရိသတ်ရဲ့ ပရိသတ် အသဲစွဲ မင်းသား အောင်ရဲလင်းက သူ့ကိုယ်သူတော့ ရင်ခုန်စရာကောင်းတဲ့ သူတစ်ယောက်လို့ မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်တာကြောင့် ရိုမန့်တစ် ဆန်တတ်တဲ့ လူမဟုတ်ဘူးဆိုပြီးတော့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ သိရှိ အားပေးလာကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေ၊ ပြက္ခဒိန်တွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ အချစ်ရေးသတင်းတွေ မကြာခဏ ထွက်လာပေမယ့်လည်း သူ့ရဲ့ အိမ်ထောင်ဖက်က ဘယ်လို မိန်းကလေးမျိုးဖြစ်မယ်ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာကိုလည်း တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က