Android 10 အခြေခံ MagicUI 4.0 သုံးထားတာပါ

Huawei ကနေ ခွဲထွက်ပြီးနောက် ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ Honor V40 5G ကို တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

Honor V40 5G ဟာ Dimensity ရဲ့ 5G chipset နဲ့လာပြီး အမိုက်စား ဒီဇိုင်းနဲ့ ထွက်လာတာပါ။ သုံးထားတဲ့ Features တွေအရလည်း Honor V40 5G ဟာ စိတ်လှုပ်ရှားစရာ upper mid-ranger အဖြစ် သတ်မှတ်နိုင်ပါတယ်။ မျက်နှာပြင် ၆.၇၂ လက်မ OLED display ဟာ Flagship ဖုန်းတွေအတိုင်း ဘေးဘောင်ကွေးညွတ်ထားပြီး ဆေးတောင့်ပုံ punch-hole ဒီဇိုင်းနဲ့ နှစ်လုံးတွဲဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။



Photo: GSMArena

Panel ဟာ 120Hz refresh rate နဲ့ 300Hz touch sampling rate အထိ support ပေးထားပြီး အလင်းမှောင်ကို AI နည်းပညာနဲ့အလိုအလျောက် ချိန်ညှိနိုင်မယ့် TUV Rheinland ထောက်ခံချက် နဲ့ လာတာပါ။ ရုပ်ထွက်အနေနဲ့ 2676 x 1236p ပါရှိပါတယ်။ ဘက်ထရီပါဝါ 4000mAh သုံးထားပြီး 66W wired charging နဲ့ 50W wireless charging ထည့်ပေးထားပါတယ်။ wired charging မှာဆို ၃၅ မိနစ်အတွင်း ဘက်ထရီအားအပြည့် သွင်းနိုင်မှာပါ။ 

ရှေ့ကင်မရာထဲမှာ 16MP main sensor နဲ့ depth estimation လုပ်ဖို့အတွက် ToF lens တစ်ခုလည်း ပါရှိပါတယ်။ ကျောဘက်မှာ 50MP main sensor ၊ 8MP ultrawide lens ၊ 2MP macro lens နဲ့အတူ laser autofocus unit နဲ့ LED flash တစ်ခု ပါရှိပါတယ်။ နာမည်ကျော် Huawei P series ဖုန်းသစ်တွေလိုပဲအလင်းအားနည်းချိန်ရိုက်ချက်တွေအတွက် RYYB filter array တစ်ခုလည်း main sensor မှာ ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာဟာ ရှေ့နောက် Dual Scene ဓါတ်ပုံရိုက်ကူးနိုင်တဲ့ စနစ်လည်း ပံ့ပိုးထားပါတယ်။

Photo: GSMArena

အားနည်းချက်တစ်ခုက ဒီဖုန်းဟာ Android 10 ကို အခြေခံထားတဲ့ Magic UI 4.0 နဲ့ ထွက်လာတာပါ။ သတင်းတွေထွက်ထားသလို Google Services ရနိုင်မရနိုင်ဆိုတာကိုလည်း တရုတ်ဈေးကွက်ဗားရှင်းအနေနဲ့ အရင်ထွက်တာဖြစ်လို့ ပြောလို့ရဦးမှာ မဟုတ်ပါဘူး။ Night Black ၊ Titanium Silver နဲ့ Rose Gold သုံးရောင်နဲ့ ထွက်ထားပြီး RAM 8GB/128GB storage ဗားရှင်းကို ၃၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၄ သောင်းခန့်) နဲ့ RAM 8GB/256GB storage ဗားရှင်းကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်း၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က