ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့အတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ထားပါတယ်။

ဆိုင်ကယ်ချစ်သူတွေ၊ဆိုင်ကယ်စီးနင်းသူတွေ စုပေါင်းပြီး ဆိုင်ကယ်စီးသူများအခမဲ့ နာရေးကူညီမှုအသင်း Bikers’ Free Funeral Service Association- Yangon (BFFSA-YGN) ကို ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ကယ်ချစ်တဲ့သူတွေ မတော်တဆ ထိခိုက်မှုတွေရှိပါကကူညီခြင်း၊ ဆိုင်ကယ်ကြောင့် ဒုက္ခကြုံပြီး မိသားစုတွေ ပူဆွေးသောက ရောက်နေတာတွေရှိပါက ဝိုင်းဝန်းကူညီ ဖြေသိမ့်ပေးဖို့အတွက် Bikers’ Free Funeral Service Association- Yangon အဖွဲ့ကိုစတင်တည်ထောင်လိုက်တာဖြစ်တယ်လို့ အသင်းကတရားဝင်ထုတ်ပြန်ထားပါတယ်။



"ဆိုင်ကယ်စီးတဲ့ ညီအကို၊ မောင်နှမတွေ ဆိုင်ကယ်စီးရင်း ဘေးဒုက္ခ ကြုံရင်ကူညီဖို့အတွက် ကျွန်တော်တို့ ဆိုင်ကယ်စီးသူများ နာရေးကူညီမှု အသင်းကိုဖွဲ့စည်းလိုက်ပါတယ်။ ဆိုင်ကယ်ဆိုတဲ့ အရာဟာ ညီအကို မောင်နှမများ သိထားပြီးတဲ့အတိုင်း အချိန်မရွေး အန္တရာယ်ကြုံရင် စီးနင်းတဲ့သူခံရတာချည်းပဲဖြစ်ပါတယ်။ အဲ့လို အန္တရာယ် များပေမယ့် ကျွန်တော်တို့ ဆိုင်ကယ် ချစ်သူတွေဟာ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ဆိုင်ကယ်ချစ်သူတိုင်း ရင်ထဲမှာ ရှိတာချည်းပါပဲ။" လို့ (BFFSA-YGN) ကနေတော့ တရားဝင်ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Bikers’ Free Funeral Service Association- Yangon အဖွဲ့ရဲ့တာဝန်ရှိသူထံ ဆက်သွယ်ခဲ့ရာမှာတော့ ၎င်းတို့အနေနဲ့ အသင်းမှတ်ပုံတင်ရရှိဖို့လုပ်ဆောင်နေဆဲဖြစ်တာကြောင့် လတ်တလောဖြေဆိုမှူအပေါ် ငြင်းဆိုခဲ့ပါတယ်။ အသင်းမှတ်ပုံတင်ရပြီးရင်တော့ မီဒီယာတွေကို အပြည့်အစုံ ဖြေကြားပေးမှာဖြစ်တယ်လို့် ရှင်းပြပြောဆိုပါတယ်။

အခုလို ဆိုင်ကယ်စီးနင်းသူများအခမဲ့နာရေးကူညီမှုအသင်းဖွဲ့စည်းတဲ့အပေါ်ရန်ကုန်တိုင်းအတွင်းဆိုင်ကယ်စီးနင်းခွင့်ရရှိရေး ဦးဆောင်လှုပ်ရှားမှုပြုနေတဲ့ ကိုကျော်ဝင်းမောင်ကတော့ " ကောင်းတယ်၊ ကျွန်တော်တို့ကတော့ကြိုဆိုတယ်။ ဆိုင်ကယ်စီးတဲ့သူတွေအားလုံး ဒီလိုမျိုးစည်းစည်းလုံးလုံးလေးဖြစ်သွားတာ ဒါဟာဆိုင်ကယ်လောကမှ ပထမဆုံးလုပ်ဖြစ်တဲ့အရာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နဲ့ပုံစံချင်းမတူပေမယ့် သူတို့လုပ်တဲ့ဟာကလည်း ဆိုင်ကယ်သမားတွေနဲ့ပတ်သက်လာလို့ရှိရင် ဒါနိုင်တဲ့ဘက်ကကူညီပေးမယ်ဆိုတဲ့အတွက် ကျွန်တော်တို့လည်း ဝမ်းသာတယ်၊ထောက်လဲထောက်ခံတယ်ကြိုလဲကြိုဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့အများနဲ့ပတ်သက်တဲ့ကိစ္စလုပ်ကြတာပဲလေ။ ကျွန်တော်တို့လည်း ပါဝင်နိုင်တဲ့ဘက်ကနေ နိုင်သလောက်တတပ်တအား ကူညီတောင်းခံလာရင်ကူညီဖို့အဆင်သင့်ရှိပါတယ်"လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေးလှုပ်ရှားနေတဲ့ ကော်မတီက ဦးဆောင်ပြီးဆိုင်ကယ် ချစ်သူတွေ၊ဆိုင်ကယ်စီးနင်းသူတွေစုပေါင်းပြီး ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့အတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ၊ဝန်ကြီးချုပ်ဆီ သဘောထားလက်မှတ်နဲ့တကွ တင်ပြတောင်းဆိုမှုတွေကို တောင်းဆိုမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့်တောင်းဆိုတဲ့အပေါ် ထောက်ခံကြသူတွေရှိသလို၊ ကန့်ကွက်ပြီး ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က