• Featured

    ဩစတြေးလျမှာ Search Engine ဝန်ဆောင်မှု ပိတ်ပစ်မယ်လို့ Google ခြိမ်းခြောက်

Google ဟာ ဩစတြေးလျကနေ ဒေါ်လာ ၄ ဘီလျံ ဝင်ထားပါတယ်

သတင်းမီဒီယာတွေ အကျိုးသက်သက် ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းအတည်ဖြစ်သွားပါက ဩစတြေးလျမှာ ရှိတဲ့ ကုမ္ပဏီရဲ့ Search Engine ဝန်ဆောင်မှုကို ပိတ်သိမ်းပစ်မယ်လို့ Google က ပြောလိုက်ပါတယ်။ 

ဒီဥပဒေကြမ်းမှာ ဩစတြးလျသုံးစွဲသူတွေဟာ Search Engine ကနေ သတင်းဆောင်းပါးတွေ ရှာဖွေကြတာ ဖြစ်လို့ Google အနေနဲ့ သတင်းဌာနတွေကိုလည်း မူပိုင်ကြေး ခွဲပေးသင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။သောကြာနေ့က ကန်ဘာရာမှာ လုပ်ဆောင်ခဲ့တဲ့ ဆီးနိတ်ကြားနာမှုတစ်ခုမှာ Google ဩစတြေးလျရဲ့ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး မဲလ်ဆီးလ်ဗားက ဥပဒေကြမ်းဟာ အလုပ်ဖြစ်မှာ မဟုတ်ဘဲ သုံးစွဲသူ သန်းပေါင်းများစွာရဲ့ အွန်လိုင်းပေါ်က Content ရှာဖွေတဲ့ပုံစံပါ ထိခိုက်သွားမယ်လို့ ပြောခဲ့ကြောင်း CNN သတင်းက ဆိုပါတယ်။ 

image

Photo: GSMArena


"ဥပဒေအတည်ဖြစ်သွားရင် ဩစတြေးလျမှာ Google Search ပေးတာကို ရပ်လိုက်ဖို့ကလွဲပြီး ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာစစ်စစ် မရှိတော့ပါဘူး။ ဒါက ကျွန်တော်တို့အတွက်တင် မကောင်းတာ မဟုတ်ဘဲ Google Search ကို သုံးနေတဲ့ ဩစတြေးလျပြည်သူတွေ ၊ မီဒီယာဌာနတွေနဲ့ လုပ်ငန်းအသေးလေးတွေပါ ထိခိုက်မယ့်ကိစ္စဖြစ်ပါတယ်။" လို့ မစ္စတာ ဆီးလ်ဗားက ပြောပါတယ်။

တကယ်လို့ ဩစတြေးလျမှာ Google အနေနဲ့သူ့ရဲ့ Search Engine ကို ဖယ်ရှားသွားမယ်ဆိုရင် ဩစတြေးလျအင်တာနက်သုံးစွဲသူတွေဟာ Google အစား Microsoft Bing ၊ DuckDuckGo နဲ့ Yahoo ဝန်ဆောင်မှုတွေပဲ ပြောင်းလဲသုံးစွဲရဖို့ ရှိပါတယ်။ အစိုးရအဖွဲ့ရဲ့ အဆိုအရ ဥပဒေအတည်ဖြစ်သွားမယ်ဆိုရင် လုပ်ထုံးဟာ Facebook နဲ့ Google ပေါ်ပဲ ကနဦး သက်ရောက်မှု ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးကွက်အရ Google ဟာ Search Engine ဈေးကွက်ကြီးတစ်ခုလုံးရဲ့ ရှယ်ယာ ၉၀% နီးပါးကို လွှမ်းမိုးထားတာပါ။ ကုမ္ပဏီရဲ့ ဝင်ငွေအားလုံးနီးပါးကလည်း ကြော်ငြာတွေကနေ ဝင်နေတာ ဖြစ်ပါတယ်။ ဈေးကွက်အရ ဩစတြေးလျဟာ ကုမ္ပဏီရဲ့ အကြီးဆုံး ဈေးကွက်စာရင်းမှာ မပါပေမယ့် ဩစတြေးလျလိုမျိုး တခြားဈေးကွက်တွေကလည်း အလားတူ ဥပဒေတွေ ရေးဆွဲအတည်ပြုလာမယ်ဆိုရင်တော့ Google အတွက် ဆိုးဆိုးရွားရွား စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ 

Photo: The Guardian

COVID-19 ကပ်ဘေးအတွင်းမှာ Google အတွက် အမြတ်အစွန်းများစွာ ရရှိခဲ့ပေမယ့် ဒေသတွင်း သတင်းစာတွေဟာ ရပ်တည်ဖို့အတွက် ဆက်လက်ရုန်းကန်နေရပါတယ်။ ဩစတြေးလျ သတင်းစာလုပ်ငန်းဈေးကွက်ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကြော်ငြာဝင်ငွေ ၇၆% အထိ ကျဆင်းခဲ့ပါတယ်။ ဩစတြေးလျ Google ပေါ် Search ရှာဖွေမှု ၈ ခုတိုင်းမှာ တစ်ခုဟာ သတင်းအကြောင်းအရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်းထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ ဒီဂျစ်တယ်ကြော်ငြာပိုင်း ငွေကြေးသုံးစွဲမှုအားလုံးရဲ့ ၈၁% ဟာ Google နဲ့ Facebook ဆီ ရောက်သွားတာဖြစ်ပါတယ်။ ဩစတြေးလျမှ သတင်းဌာနအတော်များများ ပိတ်သိမ်းလိုက်ရပေမယ့် Google ဟာ ဩစတြေးလျကနေ ဝင်ငွေ ဒေါ်လာ ၄ ဘီလျံ ဝင်ခဲ့ပြီး အခွန်ကိုတော့ ဝင်ငွေရဲ့ ၁.၁% ခန့် ဖြစ်တဲ့ ဒေါ်လာ ၄၅ သန်းပဲ ဆောင်ခဲ့တယ်လို့လည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က