ဟောင်ကောင်အခြေစိုက် Blackview ဖုန်းကုမ္ပဏီကနေ နောက်ဆုံးပေါ် 5G chipset သုံး ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Blackview BL8000 ဟာ Dimensity 1200 chipset သုံး ပထမဆုံး Rugged ဖုန်းကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Rugged ဖုန်းဆိုတဲ့အတိုင်း အပူအအေး လွန်ကဲတဲ့ပတ်ဝန်းကျင်တွေမှာ ကောင်းကောင်း အသုံးပြုနိုင်သလို ရေစိုတာနဲ့ မတော်တဆလွတ်ကျတဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိမှာပါ။ Blackview BL8000 ဖုန်းဟာ ကမ္ဘာ့ပထမဆုံး Dimensity 1200 SoC နဲ့လာပါတယ်။
Photo: GSMArena
Dimensity 1200 chipset ဟာ MediaTek ကနေ ထုတ်လိုက်တဲ့ နောက်ဆုံးပေါ် 5G chipset တွေထဲက တစ်ခုဖြစ်ပြီး 6nm node process နဲ့ တည်ဆောက်ထားတာပါ။ ထိရောက်မှုအရှိဆုံး ပရီမီယမ် processor ဖြစ်တဲ့ Cortex-A78 cores သုံးထားပြီး သူ့အရင် ထွက်ထားတဲ့ Cortex-A77 ထက် စွမ်းဆောင်ရည် ၇% ပိုကောင်းသလို ပါဝါသုံးစွဲမှုလည်း ၄% ပိုလျှော့ချပေးထားပါတယ်။
ဒီ Processor ဟာ 168Hz refresh rate အထိ support ပေးထားပြီး Hyper Engine 3.0 ကြောင့် ဂိမ်းစွမ်းဆောင်ရည်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ 5G network support နဲ့အတူ ဒီ SoC မှာ WiFi 6 ၊ Bluetooth 5.2 ၊ dual-band (L1+L5) GNSS စတဲ့ features တွေလည်း suport ပေးသွားမှာပါ။ Blackview BL800 ဟာ RAM 12GB နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ internal storage ပမာဏတော့ မသိရသေးပါဘူး။
ဈေးနှုန်း နဲ့ တခြား features တွေလည်း ပြောမထားသေးပါဘူး။ ပိုစတာအရ ဒီဖုန်းဟာ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတန်း ကင်မရာစနစ် သုံးထားတာတွေ့ရပါတယ်။ Blackview ဟာ မကြာသေးခင်ကပဲ Dimensity 800 SoC သုံး ကမ္ဘာ့ပထမဆုံး 5G Rugged ဖုန်းဖြစ်တဲ့ Blackview BL6000 Pro 5G ကို ကြေညာခဲ့ပါတယ်။ Blackview BL6000 Pro 5G ကို ဒေါ်လာ ၄၀၀ ( ၅ သိန်းကျော်) ဈေးနဲ့ ရောင်းချခဲ့ပါတယ်။