• တရုတ်မှ Apple ထုတ်လုပ်မှုများ အိန္ဒိယနဲ့ ဗီယက်နမ်ကို ပြောင်းတော့မည်

ဗီယက်နမ်မှာ စက်ရုံတည်ဆောက်ဖို့ Foxconn က ဒေါ်လာသန်း ၂၇၀ ရင်းနှီးမြှပ်နှံထားပါတယ်။

iPhone ၊ iPad နဲ့ တခြားထုတ်ကုန်များကို တရုတ်နိုင်ငံမှာ ထုတ်လုပ်နေရာကနေ တခြားနိုင်ငံတွေက စက်ရုံတွေမှာ ပြောင်းပြီး ထုတ်ဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

သမ္မတသစ် ဂျိုးဘိုင်ဒင်လက်ထက် အမေရိကန်-တရုတ် တင်းမာမှု လျော့ပါးလာမယ်လို့ မျှော်လင့်ချက်တွေ ရှိထားပေမယ့် Apple အနေနဲ့ နေရာခွဲထုတ်လုပ်မှုဘက်ကို အရှိန်မြှင့်တင်နေတာ ဖြစ်တယ်လို့ Nikkei Asia သတင်းက ဆိုပါတယ်။ သတင်းအရ Apple ဟာ တရုတ်နိုင်ငံပြင်ပ iPhone ၊ iPad ၊ Macs နဲ့ တခြားထုတ်ကုန်တွေ ထုတ်လုပ်မှုကို တိုးမြှင့်လာနေတယ်လို့ ဆိုပါတယ်။

image

Photo: nextbigwhat

ယခုနှစ် နှစ်လယ်ပိုင်းလောက်က စပြီး ဗီယက်နမ်မှာ ပထမဆုံးအကြိမ် iPad ထုတ်လုပ်မှု စတင်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး တက်ဘလက်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Apple အနေနဲ့ တရုတ်နိုင်ငံပြင်ပ ထုတ်ကုန်ထုတ်လုပ်မှုဘက်ကို သိသိသာသာ တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Apple ဟာ အိန္ဒိယနိုင်ငံအတွင်း iPhone ထုတ်လုပ်မှုကိုလည်း တိုးမြှင့်ဖို့ ရှိပါတယ်။

အိန္ဒိယဟာ iPhone ဒုတိယအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံလည်း ဖြစ်ပြီး Apple ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ နောက်ဆုံးပေါ် iPhone 12 စီးရီးတွေပါ စတင် ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ပထမ သုံးလပတ်အတွင်းလောက်ကစပြီး အိန္ဒိယမှာ iPhone 12 series ထုတ်လုပ်မှု စတင်သွားဖို့လည်း ရှိပါတယ်။ Apple ဟာ ဗီယက်နမ်စက်ရုံတွေမှာ iPad အပြင် HomePod mini ထုတ်ကုန်တွေလည်း ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

Photo: thehindu


Apple ဟာ ထုတ်လုပ်မှုပမာဏ တိုးချဲ့ဖို့အတွက် Suppliers တွေဆီက အော်ဒါတွေ တိုးမှာထားတယ်လို့လည်း အတွင်းသတင်းတွေက ပြောထားပါတယ်။ ကုမ္ပဏီအနေနဲ့ AirPods series လိုမျိုး Audio Devices ထုတ်လုပ်မှုလည်း တိုးနေသလို ဗီယက်နမ်မှာ MacBook ထုတ်လုပ်ရေးကိုလည်း ပြောင်းလာဖို့ ရှိပါတယ်။ Apple ရဲ့ အဓိက မိတ်ဖက်နဲ့ Supplier တစ်ဦးဖြစ်တဲ့ Foxconn ဟာ ထုတ်လုပ်မှုပမာဏ တိုးချဲ့ရေးအတွက် ဗီယက်နမ်မှာ စက်ရုံတည်ဆောက်ဖို့ ဒေါ်လာသန်း ၂၇၀ ရင်းနှီးမြှပ်နှံထားပါတယ်။

Apple အနေနဲ့ တရုတ်ဆီက ထုတ်လုပ်မှုတွေ အိန္ဒိယနဲ့ ဗီယက်နမ်ကို ပြောင်းလာတဲ့ အကြောင်းအရင်းက အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် Supply Chain ပိုင်း ထိခိုက်မှု ၊ အလုပ်သမားစရိတ်နဲ့ နောင်လာမယ့် ပရောဂျက်တွေအတွက်ပါ ကြည့်ပြီး အခုလို ပြောင်းရွှေ့လာတာလည်း ဖြစ်နိုင်ပါတယ်။ 


Share

Loading Next Article...
က္က