စာရင်းကိုင်အလုပ်ကို အသက်မွေးဝမ်းကျောင်းအနေနဲ့ လုပ်ကိုင်ချင်သူတွေအနေနဲ့ ဘယ်ကနေ စရမှန်းမသိဘူးဆိုရင် အောင်မြင်တဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ ရှိသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
၁။ကိုယ်တကယ်စိတ်ပါဝင်စားရဲ့လားဆန်းစစ်ပါ။
စာရင်းကိုင်အလုပ်အဖြစ် အသက်မွေးဝမ်းကျောင်းမလုပ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ငါက စာရင်းအင်းကို တကယ် စိတ်ဝင်စားရဲ့လား၊ စာရင်းတွေလုပ်နေရတာကို ဝါသနာပါရဲ့လားဆိုတာကို မေးကြည့်ပါ။ အလုပ်အကိုင်မရှားတဲ့ အလုပ်ဖြစ်ရင်ပြီးရော အလုပ်လုပ်တာ ဝါသနာပါစရာမလိုဘူးလို့ တွေးထားတယ်ဆိုရင်တော့ အဲဒီမေးခွန်းကို အရင်မေးပါ၊ စာရင်းအင်းကို စိတ်မဝင်စားဘဲ၊ ကိန်းဂဏာန်းတွေနဲ့ အလုပ်လုပ်ရတာကို သက်သောင့်သက်သာမဖြစ်ဘဲ စာရင်းကိုင်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
၂။သက်ဆိုင်ရာလေ့လာမှုကို မပြတ်လုပ်ဆောင်ပါ
စာရင်းအင်းပညာဟာ ဘယ်သောအခါမှ ဆုံးခန်းတိုင်သွားတယ်ဆိုတာ မရှိပါဘူး။ စာရင်းအင်းလောကကို စတင်ဝင်ရောက်လိုသူတွေအတွက် အခြေခံသင်တန်းတွေကနေ စတင်လေ့လာနိုင်သလို စာရင်းအင်းအလုပ်ကို လုပ်ကိုင်နေသူတွေအတွက်လည်း သူ့ရဲ့ level အလိုက် သင်ကြားလေ့လာရမယ့် သင်တန်းတွေ အများကြီးရှိနေပါတယ်၊ ဒါ့ကြောင့် စာရင်းကိုင်လောကမှာ အောင်မြင်ချင်တယ်ဆိုရင် သင်ကြားမှုကို ရပ်တန့်လိုက်လို့မရပါဘူး။
၃။စေ့စပ်သေချာစွာလုပ်ဆောင်ပါ
စာရင်းကိုင်တစ်ယောက်က ရှမ်းနေလို့ မရပါဘူး။ ကုမ္ပဏီရဲ့ ငွေရေးကြေးရေးဆိုင်ရာ မှတ်တမ်းတွေ၊ ငွေရေးကြေးရေး ရှင်းတမ်းတွေနဲ့ အခွန်ရေးရာတွေအပါအဝင် ဝန်ထမ်းတွေရဲ့ လစာစာရင်းတွေကိုပါ ကိုင်တွယ်ဖြေရှင်းရတဲ့ တာဝန်ကို ယူထားရတာဖြစ်တဲ့အတွက် ဂဏာန်းအေရအတွက် မှားရေးမိတာမျိုးမဖြစ်အောင် ဂရုစိုက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဂဏာန်းသင်္ချာကို စိတ်ဝင်စားသူမှသာလျှင် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။
စာရင်းကိုင်လောကမှာ အောင်မြင်ချင်တယ်ဆိုရင် သင်ကြားမှုကို ရပ်တန့်လိုက်လို့မရပါဘူး။
၄။ကွန်ပျူတာအခြေခံ ကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာပါ
စာရင်းအင်းတွေ ရေးဆွဲရာမှာ ဟိုးအရင်ကလို စာအုပ်ကြီးတွေနဲ့ မှတ်သားရေးဆွဲတာမျိုးမဟုတ်တော့ဘဲ ကွန်ပျူတာတွေနဲ့သာ ရေးဆွဲတာ ဖြစ်လာတဲ့အတွက်ကြောင့် စာရင်းကိုင်တစ်ယောက်ဖြစ်ချင်သူဟာ ကွန်ပျူတာ အခြေခံကို တတ်ကျွမ်းသူတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ စာရင်းအင်းများရေးဆွဲရတဲ့ Excel လိုအရာမျိုးကို ကျွမ်းကျင်ထားဖို့ အထူးလိုအပ်ပါတယ်။
၅။ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်ပါဆောင်ရွက်ပါ
ဒီဘက်ခေတ်မှာ Account နဲ့ ပတ်သက်တဲ့ Software တွေအများကြီး ထွက်ပေါ်လာပါပြီ။ ကိုယ့်ဖုန်းထဲကနေတစ်ဆင့် စာရင်းဇယားပြုလုပ်နိုင်သည်အထိ နည်းပညာဟာ တိုးတက်လာပြီဖြစ်ပါတယ်။ ခုလို ကိုဗစ်ကာလ Work from Home လုပ်နေရတဲ့ အချိန်မှာဆိုရင်လည်း နည်းပညာဟာ မရှိမဖြစ်လိုအပ်နေတာဖြစ်တာကြောင့် ငါကတော့ ဒါပဲတတ်တယ်၊ ဒါကလွဲရင် တခြား မသုံးတတ်ဘူးဆိုတာမျိုးတွေ မဖြစ်ရလေအောင် ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ်နဲ့သက်ဆိုင်ရာ trend တွေကို စဉ်ဆက်မပြတ်လိုက်နိုင်နေဖို့ ကြိုးစားရပါမယ်။
၆။ဇွဲရှိပါ
စာရင်းကိုင်ပညာဟာ ဆုံးခန်းတိုင်သွားသည်ဆိုတာမရှိကြောင်း ပြောခဲ့ပြီးဖြစ်တဲ့အတွက် ဒီလမ်းကို လျှောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဇွဲရှိဖို့တော့ လိုအပ်ပါတယ်။ သင်တန်းတွေဟာ အဆင့်အလိုက် ပိုမိုမြင့်တက်လာမှာဖြစ်လို့ စိတ်ပျက်အားလျော့သွားတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဆင့်တိုးတက်မြင့်မားလာတာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ လစာတွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်လို့ လုံ့လစိုက်ဖို့ လိုအပ်ပါတယ်။
လစာကောင်းပြီး အောင်မြင်တဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
-ကိုယ့်ကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာပေါ်လစီကို နားလည်ရပါမယ်
-စာရင်းအင်းနဲ့ ပတ်သက်တဲ့အခေါ်အဝေါ်တွေ နဲ့ ဉပဒေသတွေကို လေ့လာရပါမယ်
-စိတ်ရှည်ပြီး တိကျသေချာတဲ့ ဗီဇရှိသူဖြစ်ပါက ပိုကောင်းပါတယ်
-ပြောဆိုဆက်ဆံရေးကောင်းမွန်ရပါမယ်
-ယုံကြည်စိတ်ချရသူဖြစ်ရပါမယ်
-စဉ်ဆက်မပြတ် သင်ယူလေ့လာနေသူဖြစ်ရပါမယ်
ဒီအချက်တွေကို ပိုင်ဆိုင်ပြီဆိုရင်တော့ စာရင်းအင်းလောကမှာ နာမည်ကောင်းရပြီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။
ဆက်လက်ပြီး အရည်အချင်းရှိတဲ့ Salesperson တစ်ယောက်ဆိုတာ ဒီလိုမျိုးပါ နဲ့ PR လောကထဲ ဝင်မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တဲ့အရာများ တွေမှာ ဖတ်ရှုလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/34ydLi9 ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။