• Featured

    ကာကွယ်ဆေးထိုးထားတဲ့ မြို့နယ်အားကစားမှူးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ကာကွယ်ဆေးထိုးနှံချိန်က ကိုဗစ်-၁၉ ရဲ့ရောဂါလက္ခဏာတွေလည်းမရှိသလို သံသယလက္ခဏာတွေလည်း မရှိခဲ့ပါဘူး။

မကွေးတိုင်း ၊ချောက်မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးထားတဲ့ အားကစားနဲ့ကာယပညာဦးစီးဌာနက မြို့နယ်အားကစားဦးစီးမှူးမှာ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့သိရပါတယ်။

မြို့နယ်အားကစားဦးစီးမှူးက ကာကွယ်ဆေးထိုးပြီးနောက် ၂ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ အနံ့ပျောက်လက္ခဏာဖြစ်ပေါ်လာတာကြောင့် ဆေးရုံမှာ RDT Test kit နဲ့စစ်ဆေးခဲ့မှုအရ ပိုးတွေ့ရှိကြောင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ယခုပိုးတွေ့လူနာက ကိုဗစ်ကာကွယ်ဆေးထိုးနှံချိန်က ကိုဗစ်-၁၉ ရဲ့ရောဂါလက္ခဏာတွေလည်းမရှိသလို သံသယလက္ခဏာတွေလည်းမရှိသေးတာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာပဲကာကွယ်ဆေးကိုထိုးနှံပေးခဲ့တာဖြစ်တယ်လို့ပြောပြပါတယ်။

"ကာကွယ်ဆေးထိုးပြီးမှတွေ့တာဖြစ်ပေမယ့် ကာကွယ်ဆေးထိုးလို့ပိုးတွေ့တာတော့မဟုတ်ဘူးဆိုတာအရင်ဆုံးပြောပါရစေ။ သူက ကာကွယ်ဆေးမထိုးခင်ကတည်းက ပိုးကကူးစက်ခံထားရပြီးဖြစ်နိုင်ပါတယ်။ အခုဆရာတို့က ပိုးတွေ့တဲ့လူနာကို ဆေးရုံမှာတင်ပြီးတော့လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပေးနေတယ်။ပိုးတွေ့လူနာကိုစောင့်ရှောက်တဲ့အတိုင်းစောင်ေ့ရှာက်ပါတယ်။"လို့ ချောက်မြို့နယ် ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်လူနာကို ချောက်မြို့နယ်ဆေးရုံမှာပဲ ဆေးကုသမှုပေးနေပြိး၊ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း တာဝန်ရှိသူတွေဆီ တင်ပြထားတယ်လို့သိရပါတယ်။ ချောက်မြို့နယ်မှာ ကာကွယ်းဆေးထိုးနှံခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ယခုပိုးတွေ့လူနာ အပါအဝင် ကာကွယ်ဆေး ထိုးနှံပေးခဲ့တဲ့အရေအတွက်က ဝန်ထမ်းပေါင်း ၃၄၀ ရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးနေတာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတဲ့အခါ ကိုဗစ်အတည်ပြုလူနာတွေကိုတော့ ကာကွယ်ဆေးထိုးနှံပေးလို့မရကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က