• Featured

    ယူအေအီးနိုင်ငံရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ် ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာရောက်ရှိ

ကမ္ဘာမြေပြင်မှ လွှတ်တင်ခဲ့ပြီးနောက် ခုနစ်လအကြာမှာ အင်္ဂါဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates - UAE/ယူအေအီး) က ၎င်းရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်ကို အောင်မြင်စွာ လုပ်ဆောာင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

image

(Photo: UAE Space Agency)

Hope လို့ အမည်ပေးထားတဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ ဂြိုဟ်ပတ်လမ်းကို ရောက်ရှိခဲ့ပြီဖြစ်ပြီး ယူအေအီးဟာ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပနဲ့ အိန္ဒိယပြီးပါက ထိုသို့လုပ်ဆောင်နိုင်ခဲ့တဲ့ ပဥ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ယူအေအီးရဲ့ Hope အာကာသယာဥ်ကို ပြီးခဲ့တဲ့ ခုနစ်လက ကမ္ဘာမြေမှလွှတ်တင်ခဲ့တာဖြစ်ပြီး ယခုအခါ အင်္ဂါဂြိုဟ်ပတ်လမ်းကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။



အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို စူးစမ်းလေ့လာရေးယာဥ်ထည့်တာက ကျွန်တော်တို့ရဲ့ အင်္ဂါဂြိုဟ်ခရီးမှာ အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံး အပိုင်းဖြစ်ခဲ့ပါတယ်
ယူအေအီး သိပ္ပံပညာရှင်တွေက ယခုအခါမှာ အင်္ဂါဂြိုဟ်ရဲ့ လေထုအခြေအနေ လေ့လာသွားရန် ဆောင်ရွက်နေပါတယ်။ ယူအေအီးရဲ့ Hope က ကိရိယာသုံးခုကို သယ်ဆောင်သွားခဲ့ပြီး အင်္ဂါဂြိုဟ်မှာ တစ်ချိန်က ရှိခဲ့ဖူးတဲ့ရေတွေမှ အကြွင်းအကျန်တွေအဖြစ် အာကာသထဲသို့ ထွက်ရှိနေတဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် အက်တမ်တွေကို လေ့လာသွားမယ်လို့ ဆိုပါတယ်။

(Photo: MBRSC)

ယူအေအီးရဲ့ အစီအစဥ်အရ Hope အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ အင်္ဂါဂြိုဟ်ရဲ့ အံ့မခန်းဖွယ် ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို ပြန်လည်ပေးပို့မယ်လို့ သိရပါတယ်။ ယူအေအီးက ပထမဆုံးအကြိမ် လွှတ်တင်လိုက်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ ဖေဖေါ်ဝါရီ ၉ ရက် ဒေသစံတော်ချိန် ညပိုင်းမှာ အင်္ဂါဂြိုဟ်ပတ်လမ်းကို ရောက်ရှိခဲ့ပါတယ်။

Hope ကို အင်္ဂါဂြိုဟ်ပတ်လမ်းထဲထည့်နိုင်ခဲ့ပြီး အလွန်ကြီးမားတဲ့ သမိုင်းမှတ်တိုင် အောင်အောင်မြင်မြင် စိုက်ထူခဲ့ပါပြီ

"အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို စူးစမ်းလေ့လာရေးယာဥ်ထည့်တာက ကျွန်တော်တို့ရဲ့ အင်္ဂါဂြိုဟ်ခရီးမှာ အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံး အပိုင်းဖြစ်ပါတယ်၊ Hope ဟာ အရင်က မကြုံခဲ့ရဖူးတဲ့ ဖိအားတွေကို ကြုံခဲ့ရပါတယ်၊ နောက်ဆုံးမှာတော့ Hope ကို အင်္ဂါဂြိုဟ်ပတ်လမ်းထဲထည့်နိုင်ခဲ့ပြီး အလွန်ကြီးမားတဲ့ သမိုင်းမှတ်တိုင် အောင်အောင်မြင်မြင် စိုက်ထူခဲ့ပါပြီ၊ အခု သိပ္ပံဆိုင်ရာ အချက်အလက်တွေ စုဆောင်းမှုစတင်ဖို့ ပြင်ဆင်နေပါတယ်" လို့ Mohammed bin Rashid အာကာသစင်တာမှ Hope စီမံကိန်းဒါရိုက်တာ Omran Sharaf က ပြောပါတယ်။

ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့တဲ့ ယူအေအီးရဲ့ Hope Probe စူးစမ်းလေ့လာရေးယာဥ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံး သို့မဟုတ် ၆၈၇ ရက်လုံး ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံက ၂၁၁၇ ခုနှစ်အရောက်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသား‌အခြေချမှု ပြုလုပ်နိုင်ရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ယူအေအီးရဲ့ Hope အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ကို ယမန်နှစ် ဇူလိုင် ၂၀ ရက်နေ့မှာ ဂျပန်နိုင်ငံ Tanegashima Space Center ကနေ H2-A ဒုံးပျံဖြင့် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က