နိုင်ငံအသင်းအတွက် ၉ပွဲကစား ၃ဂိုးသွင်းထားပြီး ယခုယူရိုပြိုင်ပွဲမှာ ၂ဂိုးထိသွင်းယူထားတဲ့ ဆာရာဘီယာ မပါဝင်နိုင်တာကတော့ နည်းပြ အင်းနရစ်အတွက် အားနည်းချက် ဖြစ်စေလာနိုင်ပါတယ်။
တောင်ပံ ကစားသမား ပါဘရို ဆာရာဘီယာဟာ ယနေ့ညမှာ ယှဥ်ပြိုင်ကစားမယ့် အီတလီအသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဥ်မှာ ကြံ့ခိုင်မှု မပြည့်လို့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြချုပ် အင်းနရစ်က ထုတ်ဖော်ပြောလာပါတယ်။
ပီအက်စ်ဂျီ ကွင်းလယ်လူ ဆာရာဘီယာဟာ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ၂ဂိုးထိ သွင်းယူပေးထားနိုင်တဲ့ ကွင်း လယ်တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး ဆွစ်ဇာလန်နဲ့ပွဲ တစ်ဝက်လောက်ထိ ပါဝင်နိုင်ခဲ့သူပါ။
စပိန်အသင်းအနေနဲ့ ယနေ့ည အီတလီနဲ့ပွဲမှာ အခြာ ကစားသမားတွေ ဒေါင်ဒေါင်မြည်ရှိနေပြီး ဆာရာဘီယာဟာ တစ်ဦးတည်းသော ကြံ့ခိုင်မှု မပြည့်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
၉ပွဲမှာ ၃ဂိုးထိ သွင်းယူထားနိုင်တဲ့ ဆာရာဘီယာဟာ စပိန်အသင်းအတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်နေလို့လည်း နည်းပြချုပ် အင်းနရစ်အတွက် အားနည်းချက် တစ်ခု ဖြစ်လာစေပါတယ်။
သူပါဝင်မကစားနိုင်တဲ့အတွက် သူ့နေရာမှာ မိုရီနိုနဲ့ဒန်နီအိုလ်မိုတို့ အသင့်ရှိနေပြီး ၂၀၀၈နဲ့ ၂၀၁၂ ဥရောပ ချန်ပီယံ စပိန်အတွက် ဗိုလ်လုပွဲသွားရာ လမ်းအတွက် အားတစ်ခု ဖြစ်စေမှာပါ။
စပိန်အသင်းအနေနဲ့ အနိုင်ရခဲ့ပါက အင်္ဂလန်-ဒိန်းမတ်အသင်းပွဲမှ အနိုင်ရသူနဲ့ ဗိုလ်လုပွဲမှာ တွေ့ရမှာ ဖြစ်ပြီး ရှုံး နိမ့်ခဲ့ပါက အင်္ဂလန်-ဒိန်းမတ်ပွဲမှ ရှုံးနိမ့်ခဲ့သူနဲ့ တတိယနေရာလုပွဲကစားရမှာ ဖြစ်ပါတယ်။