• အာဂျင်တီးနားအတွက် ကိုပါပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဒီပေါလ်ကို အေတီကိုခေါ်ယူ

၅ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးကို ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူဒီပေါလ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အူဒီးနီးစ်ကစားသမားဟာ လက်ရွေးစင်အသင်းနဲ့ဆုဖလားဆွတ်ခူးပြီးနောက် လာလီဂါချန်ပီယံအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး သူ့အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းက ယူရို ၃၅ သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ 

image

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးကို ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်ကနေ ဒီမာရီယာရဲ့ပြေးလမ်းကြောင်းကို တိတိကျကျပို့ပေးနိုင်ခဲ့တာဖြစ်ပြီး မက်ဆီနဲ့လည်း အတွဲအဖက်ညီညီကစားနိုင်ခဲ့ပါတယ်။ စပိန်ချန်ပီယံအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိတယ်လို့လည်း ဒီပေါလ်က ဖွင့်ဟခဲ့ပါတယ်။ 

image

"စပိန်ချန်ပီယံအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ကျွန်တော်ကျေနပ်မိပါတယ်၊ ကျွန်တော့်ကစားသမားဘဝမှာ အကြီးမားဆုံးအခွင့်အရေးရရှိခဲ့တာပါ၊ ဆီမြွန်နီလက်အောက်မှာ ကစားရမှာမို့လည်း ကျေနပ်မိပါတယ်။ လက်ရွေးစင်အသင်းအတွက် သူ ကစားပေးတာကို ကြည့်ပြီးတော့ ကျွန်တော်ကြီးပြင်းခဲ့ရတာပါ" လို့ ဒီပေါလ်က ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

ဒီပေါလ်ကို ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း တရားဝင်အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်အသင်းက ပြောင်းရွှေ့ကြေးကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် ယူရို ၃၅ သန်းခန့်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒီပေါလ်ကတော့ အာဂျင်တီးနားအတွက် ဖလားရယူပြီးနောက် ကစားသမားဘဝမှာ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က