ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ တန်ကြေး သတ်မှတ်မှုကို မနှစ်က အငှားနဲ့ ခေါ်ခဲ့တဲ့ ဝက်စ်ဟမ်းက အပြီး သတ်ခေါ်ဖို့ မတတ်နိုင်တဲ့အပေါ် အက်သလက်က အခွင့်ကောင်းယူနိုင်မလား စောင့်ကြည့်သွားရတော့မှာပါ။
စပိန် ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ယူနိုက်တက်အသင်း ကစားသမား လင်ဂတ်ကို ခေါ်ယူနိုင် ရေး ကြိုးပမ်းလာတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
မနှစ်က ဘောလုံးရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းထံ အငှားသွားကစားခဲ့ပြီးနောက် လင်ဂတ်ဟာ ယူနိုက်တက် အသင်းထံ ပြန်လည်ရောက်ရှိလာပြီး ယခုအခါမှာတော့ ရာသီကြို လေ့ကျင့်မှုတွေကို ပူးပေါင်း ဆောင်ရွက် နေပါ ပြီ။
ဝက်စ်ဟမ်းအသင်းကလည်း လင်ဂတ်ကို အပြီးသတ် ခေါ်ယူနိုင်ရေး စိတ်ဝင်စားလျက်ရှိနေပြီး လင်ဂတ်ကလည်း ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းကို မျှော်လင့်နေတာပါ။
လက်ရှိ ယူနိုက်တက်နဲ့ လင်ဂတ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်နှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၁သိန်း ၃သောင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ရောင်းချဖို့အတွက်ကိုမူ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း သတ်မှတ်ထားတာကြောင့်လည်း ဝက်စ်ဟမ်းအတွက် အခက်တွေ့စေတဲ့ ပမာဏ ဖြစ်နေတာပါ။
ဒီအခြေအနေကို အက်သလက်တီကိုအသင်းက အခွင့်ကောင်းယူပြီး လင်ဂတ်ကို မဲဆွယ်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်သွားရတော့မှာပါ။
အသက် ၂၈နှစ်အရွယ် လင်ဂတ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၂၁၀ခန့် ကစားကာ ဂိုးပေါင်း ၃၃ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။
လက်ရှိ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ လင်ဂတ်အတွက် ပွဲထွက်ခွင့် အာမခံလည်း ရနိုင်ဖို့ မရှိ သလို အင်္ဂလန် လက်ရွေးစင် ပြန်ဖြစ်ခွင့်လည်း ဝေးနေဦးမှာ ဖြစ်လို့ ပွဲထွက်ခွင့်ရပြီး လက်ရွေးစင် အိပ်မက် ပြန်မက် နိုင်မယ့် အနေအထားတစ်ခုကို လင်ဂတ်ဖန်တီးမလား ဆိုတာကလည်း စောင့်ကြည့်ရမှာပါ။
Share