• ပေါ်တူဂီ လက်ရွေးစင်အသင်း သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၅ဦး

ပေါ်တူဂီအသင်းရဲ့ သမိုင်းမှာ အကြီးကျယ် အခမ်းနားဆုံး ကစားသမား ၅ဦးကို ပြပါဆိုရင်တော့

ယူရို ၂၀၁၆မှာ ချန်ပီယံ ဖြစ်ပြီးတဲ့နောက် ပေါ်တူဂီအသင်းဟာ ၂၀၀၄ခုနှစ်က ပါးစပ်ပေါက်ဝကနေ လွတ်ကျခဲ့တဲ့ အောင်မြင်မှုကို ပြန်လည်ရယူနိုင်ပြီး ဘောလုံးဇာတ်ခုံပေါ်မှာ နေရာတစ်နေရာ ယူလာနိုင်ခဲ့ပါတယ်။

နာမည်ကျော် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားနိုင်ပါလျက်နဲ့ ကမ္ဘာ့ဖလား ဥရောပဖလားတွေကို အကြိမ်ကြိမ် လွဲချော်နေခဲ့တဲ့ ပေါ်တူဂီအတွက် နေးရှင်းလိဂ်ဆုဖလားကလည်း သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်စေခဲ့ပြန်ပါ တယ်။ ဒီလိုအောင်မြင်မှုတွေနဲ့အတူ ပေါ်တူဂီအသင်းဟာ ကစားသမားကောင်းများစွာကို မွေးထုတ်ပြလာနိုင်တယ်ဆိုတာ လည်းသံသယ ရှိစရာ မရှိပြန်ပါဘူး။ ပေါ်တူဂီအသင်းရဲ့ သမိုင်းမှာ အကြီးကျယ် အခမ်းနားဆုံး ကစားသမား ၅ဦးကို ပြပါဆိုရင်တော့

image

Photo: Reuters

ရီကာဒို ကာဗယ်လ်ဟို

ကာဗယ်လ်ဟိုကတော့ ပေါ်တူဂီအသင်းအတွက်ရော ကလပ်အသင်း အသီးသီး အတွက်ပါ အားထားရတဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ခဲ့သူပါ။ ကာဗယ်လ်ဟိုကို လူပိုမိုသိစေခဲ့တာကတော့ နည်းပြမော်ရင်ဟိုနဲ့တွဲပြီး ပိုသိလာကြတာပါ။ အကြောင်းကတော့ ပေါ်တိုအသင်းမှာရှိစဥ် ဆရာတပည့်နှစ်ယောက် ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ကြပြီး မော်ရင်ဟိုက ချဲလ်ဆီးကိုပြောင်းချိန်မှာလည်း ကာဗယ်လ်ဟိုကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့တာပါ။ချဲလ်ဆီးမှာ လည်း ဗဟိုခံစစ်နေရာမှာ ဂျွန်တယ်ရီနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီး ချန်ပီယံ ဆုဖလားတွေလည်း ထပ် မံ ပိုင်ဆိုင်ခဲ့ပါတယ်။ပေါ်တူဂီ အသင်းအတွက်ဆိုရင်လည်း ၈၉ပွဲတိတိပါဝင်ကစားပေးခဲ့ပြီး ၂၀၁၆ ဥရောပဖလားကို ပိုင်ဆိုင်စေဖို့ အဓိကကျတဲ့ အခမ်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။၂၀၁၇ခုနှစ်မှာတော့ ကစားသမားဘဝက အနား ယူခဲ့ပြီး လက်ရှိမှာတော့ ပြင်သစ်ကလပ်မာဆေးလ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေပါတယ်။

Photo: Goal.com

ပီပီ

ဘရာဇီးမှာမွေးပြီး ပေါ်တူဂီကို ကိုယ်စားပြုတဲ့ ဗဟိုခံစစ်မှူး ပီပီဟာလည်း ကာဗယ်လ်ဟို နောက်တစ်ယောက်လို့ သာဆိုရမှာပါ။ ထစ်ခနဲဆို အနီကဒ်၊အဝါကဒ်တွေ ပြခံရပြီဆို ပီပီပါပဲ။ပြိုင်ဖက် တိုက်စစ်မှူးတွေ စိုးရိမ်ထိတ်လန့် ပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ရတဲ့ ခံစစ်မှူးကောင်းတစ်ဦးပါ။ပီပီဟာ ရီးရဲမှာ ပွဲ‌ပေါင်း ၄၀၀နီးပါး ကစားပေးခဲ့ပြီး အောင်မြင်မှုတွေလည်းအလီလီဆွတ်ခူးနိုင်ခဲ့သူပါ။ လက်ရှိ အသက် ၃၈နှစ်အရွယ်မှာတော့ ပေါ်တိုအသင်းမှာ ဒုတိယ အကြိမ် ပြန်ကစားပေးနေပါတယ်။ပီပီဟာ သူ့ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် အသင်းကို အကောင်း ဆုံး ပေးဆပ်ခဲ့နိုင်ပေမယ့်လည်း မကြာခဏဆိုသလို အနီကဒ်နဲ့ ထွက်ရ၊ဒဏ်ရာရတာတွေဟာ သူ့အတွက် ကစား သမားဘဝကို အနည်းငယ်တော့ အနှောင့်အယှက်ဖြစ်စေခဲ့တာ အမှန်ပါ။ပီပီဟာ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၁၁၅ပွဲ ကစားပေးထားပြီး ဖြစ်သလို ၂၀၂၀ ယူရိုပွဲ လူစာရင်းမှာလည်း ပါဝင်ထားနိုင်ပါသေးတယ်။

Photo: DW

လူးဝစ္စ ဖီဂို

ဖီဂိုဆိုရင်တော့ ၂၀၀၀ခုနှစ်မှာာ ဘာစီလိုနာကနေ ရီးရဲကို ပြောင်းသွားလို့ အငြင်းပွားဖွယ်ရာတွေနဲ့ နှစ်ဖက် ပရိသတ်တွေအကြား အမုန်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ဖူးသူလို့ အမှတ်ရမိမှာပါ။၉၅မှာ ဘာစီလိုနာကိုရောက်ပြီး အဓိက ပြိုင်ဖက် ရီးရဲကို ပြောင်းသွားတဲ့အပေါ် ဘာစီလိုနာပရိသတ်တွေရဲ့ မျက်မုန်းကျိုးမှုကို ခံရတဲ့အထိ သူဟာ ထင်ပေါ် ခဲ့သူပါ။ဘာစီအတွက် ၂၄၈ပွဲအထိ ကစားပေးခဲ့သလို ၄၅ဂိုးသွင်း ၅၁ဂိုးထိဖန်တီးပေးနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဘောလုံး ပညာရပ်ကြောင့်လည်း ဖီဂိုဟာ သူ့ခေတ်သူ့အခါမှာ နာမည်ကျော် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက်လည်း ပွဲပေါင်း ၁၂၇ပွဲကစားအပြီး ၃၂ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ စွယ်စုံရ ကွင်းလယ်တိုက်စစ် ကစားသမားကြီး ဖြစ်ပါတယ်။၂၀၀၄ ယူရိုမှာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ဂရိကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့လို့ နိုင်ငံ အသင်းနဲ့ ချန်ပီယံ ဖြစ်ခွင့်လက်လွှတ်ခဲ့ရပြီး ကစားသမားဘဝကို ၂၀၀၉ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။

Photo: These Football Times

အူစီဘီအို

အများနဲ့မတူ ပေါ်လွင်တဲ့ မျက်နှာ အနေအထားကို ပိုင်ဆိုင်ထားတဲ့ ယူစီဘီအိုဟာလည်း ပေါ်တူဂီသမိုင်းမှာ မှတ်ကျောက်တင်ခံခဲ့ရသူပါ။ဘင်ဖီကာအသင်းရဲ့ သက်တော်ရှည် ကစားသမားအဖြစ် ကစားခဲ့တဲ့ သူဟာ ပေါ် တူဂီအသင်းအတွက်လည်း ဂိုးပေါင်းများစွာ သွင်းပေးနိုင်ခဲ့ပါတယ်။ ကလပ်အသင်းနှင့်အတူ ပွဲပေါင်း ၄၄၀မှာ ဂိုး ပေါင်း ၄၇၃ဂိုးနဲ့ လိဂ်ဆုဖလား ၁၁ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အလားတူ ပေါ်တူဂီအသင်းအတွက်လည်း ၆၄ ပွဲကစား ၄၁ဂိုးသွင်းပြီး ၆၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းကို တတိယဆု ရယူပေးနိုင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်း ရရှိခဲ့သူပါ။

Photo: Yahoo

ခရစ္စတီယာနို ရော်နယ်ဒို

စံချိန်တွေကို ချိုးဖျက်နေသူ၊ပေါ်တူဂီသမိုင်း ကမ္ဘာ့သမိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဆိုရင် ရော်နယ်ဒိုပါပဲ။ အသက် ၃၆နှစ်သားကြီးဟာ ပေါ်တူဂီအသင်းကို၂၀၁၆ယူရိုမှာ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံး ဦးဆောင်ပြနိုင်ခဲ့ပါ တယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်ထိ ရရှိထားပြီး ဥရောပ အကောင်းဆုံး ကစားသမားဆုနဲ့ အခြား မရေမတွက်နိုင်တဲ့ တစ်ဦးချင်းနဲ့ အသင်းလိုက်ဆုဖလားတွေကို ပိုင်ဆိုင်ထားသူပါ။ ယောင်္ကျားဆန်တဲ့ မျက် နှာသွင်းပြင်၊ကျစ်လျစ် ခိုင်မာတဲ့ ခန္ဓာကိုယ် အချိုးအစား မြင့်မားလှတဲ့ ဘောလုံး ကျွမ်းကျင်ပိုင်နိုင်မှု ဂိုးသွင်းစွမ်း ရည်မြင့်မားမှုတွေက အခြားသူတွေထက် ခေါင်းတစ်လုံး မြင့်နေစေတာပါ။အောင်မြင်မှုတွေကို ပြတိုက်တစ်ခု သီးသန့်ဆောက်ပြီး ဖွင့်လှစ်ပြသထားရတဲ့အထိ ရော်နယ်ဒိုဟာ အောင်မြင်တဲ့ ကစားသမားတစ်ဦးပါ။ ပေါ်တူဂီ ဆိုရင် ရော်နယ်ဒိုက ရှေ့ဆုံးက သိရမယ့် အရာတစ်ခုကို ကမ္ဘာမှာ မော်ကွန်း မှတ်တိုင် စိုက်ထူပြနိုင်ခဲ့သူဖြစ်လို့ သူဟာ ပေါ်တူဂီနိုင်ငံမှာ ရုပ်တု ပြုလုပ် ဂုဏ်ပြုခံထိုက်တဲ့အထိ လေးစားခြင်းကို ခံထားရသူလည်း ဖြစ်ပါတယ်။



Share

Loading Next Article...
က္က