ဒီနေ့အတွက် စောင့်ကြည့်ရမယ့်ဖုန်းသစ်နှစ်လုံးကတော့ Samsung နဲ့ OnePlus တို့ပါပဲ။

Photo: gizmodo
ဩဂုတ်လ ၁၁ ရက်နေ့မှာ Samsung ဟာ Galaxy Unpacked နာမည်နဲ့ ဖုန်းသစ်မိတ်ဆက်ဖို့ ရှိသလို OnePlus ကလည်း Twitter ပေါ်မှာ Surprise Event တစ်ခု လုပ်မယ်ဆိုပြီး ကြေညာထားပါတယ်။ Samsung ကတော့ ဒီတစ်ခေါက် Galaxy Unpacked ပွဲမှာ Foldable ဖုန်းသစ်တွေ မိတ်ဆက်သွားမယ်ဆိုပြီး စောစောကပဲ သတင်းတွေ ထွက်နေခဲ့တာပါ။ Samsung event မှာ Galaxy Watch 4 စမတ်နာရီ ၊ Galaxy Buds 2 နားကြပ်တွေနဲ့အတူ Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 ဖုန်းတွေ ကြေညာသွားမယ်လို့ ခန့်မှန်းထားပါတယ်။
OnePlus ကတော့ ရုတ်တရပ်ကြီး ထပြီး dual-screen ပါ ထုတ်ကုန်နမူနာ Teaser တစ်မျိုးကို တင်ပြီး အားလုံးစိတ်လှုပ်ရှားအောင် လုပ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Samsung Galaxy Z Fold 3 ဒီဇိုင်းမျိုး သုံးလာဖို့ ရှိနေပါတယ်။ ဒီဖုန်းဟာ ခေါက်ချိုးခေါက်သိမ်းနိုင်မယ့် Foldable ဖုန်းလား ဒါမှမဟုတ် Screen နှစ်ဖက်ပါ Dual-Screen Devices လား မသိသေးပါဘူး။ အခု လောလောဆယ်တော့ OnePlus ရဲ့ တရားဝင်မိတ်ဆက်မှုကို စောင့်ကြည့်ရမှာပါ။