ဒီတစ်ခေါက် ကျင်းပသွားတဲ့ Samsung Galaxy Unpacked ပွဲမှာ ကြိုပြီး သတင်းထွက်ထားတဲ့အတိုင်း Foldable ထုတ်ကုန်နှစ်မျိုး မိတ်ဆက်သွားခဲ့ပါတယ်။
Foldable Devices တွေ အားပြုထုတ်လုပ်ဖို့ ဦးတည်လာတဲ့ Samsung ဟာ Galaxy Unpacked ပွဲမှာ ဒီဇိုင်းမတူတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်း နှစ်မျိုး ၊ Galaxy Watch 4 နာရီသစ်နှစ်မျိုးနဲ့ Galaxy Buds 2 နားကြပ်သစ်တွေကို ကြေညာသွားခဲ့တာပါ။ Foldable ဖုန်းတွေဟာ ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ဖြစ်ပြီး ဒီတစ်ခေါက်မှာ ဈေးပိုမြောက်တဲ့ Galaxy Z Fold 3 နဲ့ ဈေးသင့်တဲ့ ထက်ဝက်ချိုး အပေါ်အောက်ခေါက်နိုင်မယ့် Galaxy Z Flip 3 ဆိုပြီး ထွက်လာခဲ့ပါတယ်။
Photo: Tech Crunch
အသစ်ထွက်လာတဲ့ Foldable ဖုန်းတွေဟာ အချိုးအစား ပိုပြေပြစ်လာပြီး ဒီဇိုင်းပိုင်းအရ ဆွဲဆောင်မှု ပိုရှိလာတယ်ဆိုတာတော့ ငြင်းမရပါဘူး။ Galaxy Z Fold 3 ဟာ Fold series စတိုင်အတိုင်း စာအုပ်တစ်အုပ်လို အတွင်းဘက်ကို ခေါက်သိမ်းနိုင်မယ့် Foldable Function နဲ့ လာပြီး အမိုက်စားလုပ်ဆောက်ချက်သစ်တွေ ဖြစ်တဲ့ အကြမ်းခံမှုမြင့်မားခြင်း ၊ Display စွမ်းရည် အဆင့်မြင့်လာခြင်းနဲ့ ထုတ်ကုန် Performance ပိုင်း မြှင့်တင်မှုတွေ တွေ့ရပါတယ်။
သိသာတဲ့ features တွေကတော့ IPX8 water resistance ပါတာ ၊ S Pen support ပေးတာနဲ့ main screen မှာ 4MP မှန်ပြင်အောက်ဆယ်လ်ဖီကင်မရာစနစ် Under-Display Selfie နည်းပညာ သုံးလာတာပါပဲ။ Under-Display Selfie စနစ်သုံးလာတာဟာ Foldable ဖုန်းတစ်လုံးကို Full Screen အချိုး သွားရာမှာ အကောင်းဆုံးနဲ့ အလှပဆုံးအထောက်အပံ့ဖြစ်စေတာတော့ ငြင်းမရပါဘူး။ Samsung ဖုန်းတွေထဲမှာလည်း Galaxy Z Fold 3 ဟာ ပထမဆုံး UD Camera သုံးလာတဲ့ ဖုန်းတစ်လုံး ဖြစ်လာပါတယ်။
Galaxy Z Fold 3 ဟာ ၇.၆ လက်မ Dynamic AMOLED 2x display နဲ့ လာပြီး အရင်မော်ဒယ်လိုပဲ 120Hz refresh rate အမြင့်စားကို သုံးထားပါတယ်။ အပြင် cover screen ဟာ ၆.၂ လက်မ အရွယ်အစားရှိပြီး နောက်ဆုံးပေါ် Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ စိတ်ဝင်စားစရာတစ်ခုက Cover Screen မှာလည်း 120Hz refresh rate ပေးလာတာပဲ ဖြစ်ပါတယ်။ Cover Screen ပေါ်က Selfie ကင်မရာကတော့ Punch Hole ဒီဇိုင်းဖြစ်ပြီး 10MP selfie ကင်မရာ သုံးထားပါတယ်။
Z Fold 3 ဟာ Multi-Window mode နဲ့ သုံးမယ့် app တွေအတွက် စမ်းသုံးနိုင်မယ့် setting တစ်ခု ပါရှိပါတယ်။ developers တွေတောင် multi-window mode မှာ သုံးဖို့အတွက် apps ဒီဇိုင်း မဆွဲရသေးပါဘူး။ နောက်ဆုံးပေါ် အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Galaxy Z Fold 3 ဟာ sub 6 နဲ့ mmWave 5G နှစ်မျိုးစလုံး အပြည့်အဝ support ပေးတဲ့ 5nm Snapdragon 888 SoC ၊ RAM 12GB /UFS 3.1 storage စနစ်နဲ့ လာပါတယ်။
Photo: GSMArena
ကင်မရာအနေနဲ့ OIS နဲ့ Dual Pixel AF ပါ 12MP main unit ၊ 12MP ultrawide နဲ့ OIS ပါ 12MP telephoto တို့ ပါရှိပါတယ်။ Armor Aluminum ဖရိမ်ကြောင့် ကုမ္ပဏီက ထုတ်ခဲ့တဲ့ တခြား အလူမီနီယံဖရိမ်တွေထက် အကြမ်းပိုခံပြီး အတွင်း display ပေါ်က protective panel ကလည်း အထိအခိုက် အကြမ်းပတမ်း ပိုခံအောင် ထုတ်ထားတာပါ။ ဘက်ထရီပါဝါ 4400 mAh ဟာ 25W wired ၊ 11W wireless နဲ့ 4.5W reverse charging စနစ်တွေ သုံးထားပါတယ်။
Phantom Black, Phantom Green နဲ့ Phantom Silver သုံးရောင်နဲ့ လာပြီး 256GB နဲ့ 512GB မော်ဒယ်တွေကို ဒေါ်လာ ၁၈၀၀ (မြန်မာငွေ သိန်း ၃၀ ) နဲ့ ဒေါ်လာ ၁၉၀၀ (မြန်မာငွေ ၃၁ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။