City Mart ကတော့ ဒီ ads Scam တွေဟာ ၎င်းတို့ရဲ့ လုပ်ငန်းစုနဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်

Social Media ပလက်ဖောင်းတွေနဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ City Mart နာမည်နဲ့ အန္တရာယ်ရှိတဲ့ Scam Links တွေ တက်နေတယ်လို့ City Mart Supermarket Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

           ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက City Mart Supermarket Myanmar ရဲ့ Facebook စာမျက်နှာမှာ ကြေညာထားတာ ဖြစ်ပြီး Social Media ပလက်ဖောင်းတွေနဲ့ ဝက်ဘ်ဆိုက် pop-up ads တွေမှာ City Mart ကနေ အခမဲ့ဈေးဝယ်ခွင့်တွေ ဒေါ်လာထောင်နဲ့ချီ မဲဖောက်ပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ကလစ်နှိပ်ဖို့အတွက် လင့်ခ်တွေ ထွက်လာတာပါ။ ဒီ Phishing Scams တွေမှာ City Mart ၂၅ နှစ်ပြည့် အထူးအစီအစဉ်မှာ ဒေါ်လာထောင်နဲ့ချီတန်တဲ့ Gift Card ရဖို့အတွက် Click နှိပ်ပါဆိုပြီး လူမှုကွန်ရက်သုံးစွဲသူတွေအကြား ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

           

City Mart နာမည်သုံးထားတဲ့ Scam Link တစ်ခု


           City Mart ကတော့ ဒီ ads Scam တွေဟာ ၎င်းတို့ရဲ့ လုပ်ငန်းစုနဲ့ မသက်ဆိုင်ကြောင်းနဲ့ ကိုယ်အရေးအချက်အလက်တွေ မပေးမိဖို့ ၊ လင့်ခ်ထဲ ဝင်နှိပ်တာမျိုး မလုပ်ဖို့လည်း ပြောထားပါတယ်။ City Mart Supermarket ရဲ့ ပရိုမိုးရှင်းနဲ့ ကံစမ်းမဲအစီအစဉ်ကို တရားဝင် Facebook စာမျက်နှာနဲ့ ဆိုင်အတွင်းကြော်ငြာစာတွေကနေ လုပ်ဆောင်တာ ဖြစ်ပြီးဖြစ်ရပ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

           Phishing link ဖြစ်တဲ့အတိုင်း ယုံကြည်လောက်တဲ့ ကုမ္ပဏီကြီးတစ်ခုခုရဲ့ ပုံရိပ်သုံးပြီး မက်လုံးပေးကာ ဝင်ကြည့်သူရဲ့ Personal Information တွေကို ယူသွားမှာ ဖြစ်ပါတယ်။ Phishing လုပ်ပြီး တိုက်ခိုက်မှုဟာ စာသားမက်ဆေ့ချ်တွေ ၊ email ၊ ဝက်ဘ်ဆိုက် ၊ လူမှုကွန်ရက် profile ၊ post နဲ့မက်ဆေ့အတုအယောင်တွေ သုံးပြီးတိုက်ခိုက်တာပါ။ Phishing လုပ်တဲ့ ရည်ရွယ်ချက်အမျိုးမျိုး ရှိပြီး များသောအားဖြင့် Passwords ၊ အကောင့်နံပါတ် နဲ့ တခြားအရေးကြီးတဲ့ Personal ဒေတာတွေ ယူဖို့ လုပ်တာ ဖြစ်ပါတယ်။

           ကမ္ဘာပေါ်မှာ နေ့စဉ် Phishing ပုံစံ တိုက်ခိုက်မှု ထောင်နဲ့ချီ ဖြစ်ပွားနေပြီး FBI ရဲ့ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးစင်တာရဲ့ အစီရင်ခံစာအရ တစ်နှစ်ကို Phishing Schemes တွေနဲ့ အလိမ်မိတာကြောင့် လူတွေဟာ ၅၇ သန်းအထိ ဆုံးရှုံးနေကြတယ်လို့ ဆိုပါတယ်။


Photo: City Mart Supermarket Myanmar Facebook Page

  phishing တိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်မသွားစေဖို့အောက်ပါ လုံခြုံရေးစည်းကမ်းတွေ လိုက်နာသင့်ပါတယ်။

 

(၁) log in အချက်အလက်များကို ဘယ်သူ့ကိုမှ မဝေမျှပါနဲ့။

Facebook ဟာ သင့် password ကို ဘယ်တော့မှ တောင်းယူမှာ မဟုတ်တဲ့အပြင် password ကို attachment အနေနဲ့ ဘယ်တော့မှ သင့်ဆီပေးပို့မှာ မဟုတ်ပါဘူး။ သင့် log in အချက်အလက်များကို ဘယ်တော့မှ ဘယ်သူ့ကိုမှ မပေးပါနဲ့။

(၂)        အပြင်ဘဝမှာလိုဘဲ သူစိမ်းတွေဆီက friend request တွေကို ချက်ချင်းလက်မခံပါနဲ့။

လိမ်လည်သူတွေဟာ သင့်သူငယ်ချင်းဟန်ဆောင်ပြီး အကောင့်အတုတွေ ပြုလုပ်ပါလိမ့်မယ်။ လက်ခံလိုက်ရင် သင့် timeline သို့မဟုတ် newsfeed မှာ သတင်းအတုတွေ ဖြန့်ဝေဖို့ ခွင့်ပြုသလို ဖြစ်သွားပါလိမ့်မယ်။

(၃)     အခြားတန်ဖိုးကြီးအရာတွေကို ဂရုစိုက်သလို သင့်အကောင့်ကို လုံခြုံအောင်ထားပါ။

password ကို ပုံမှန်ပြောင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လိမ်လည်သူတွေဟာ သင့်အကောင့်သုံးပြီး သင့်သူငယ်ချင်း မိတ်ဆွေတွေဆီဆက်သွယ်တာတွေက ကာကွယ်ပေးပါလိမ့်မယ်။

(၄) သင့်အကောင့်ရဲ့ အသုံးပြုထားပုံတွေကို အမြဲသုံးသပ်ပြီး spam တွေကို ဖယ်ရှားပါ။

သင့် log in လုပ်ထားတာတွေကို ပြန်ကြည့်ပါ။ သံသယဝင်စရာ log in တွေ နဲ့ သင့်အကောင့်သုံးပြီး သွင်းထားတဲ့ app တွေ ဂိမ်းတွေ၊ သင့်အချက်အလက်ရယူနိုင်တဲ့ အရာတွေကို စစ်ဆေးပါ။ မသုံးတာတွေကို ပယ်ဖျက်ပါ။

(၅) Facebook ရဲ့ security checkup ကို ပြုလုပ်ပါ။

သင့်အကောင့်ပိုမိုလုံခြုံဖို့ လက်တွေ့ဆောင်ရွက်နိုင်မယ့် အချက်အလက်တွေကို Facebook’s Security Basic တွင် ဖတ်ရှုပြီး Facebook ကလည်း သင့်ကို ဘယ်လိုကူညီနိုင်မယ်ဆိုတာကို သိရှိအောင်လုပ်ပါ။

(၆)      Facebook ထံ တိုင်ကြားခြင်းဖြင့် အရေးယူပါ။

သင့်ဆီရောက်လာတဲ့ email သို့မဟုတ် Facebook မက်ဆော့ဟာ ပုံမှန်မဟုတ်ဘူးဆိုရင် မဖွင့်ကြည့်ပါနဲ့။ phish@fb.com ထံတိုင်ကြားပါ။ အပြန်အလှန်ပြောဆိုထားတဲ့ conversation ကို တိုင်ကြားချင်တယ်ဆို မပယ်ဖျက်ခင် screenshot ရိုက်ထားဖို့ မမေ့ပါနဲ့။

သင့်ဘက်မှာ ပယ်ဖျက်လိုက်ပေမယ့် တစ်ဖက်က inbox မှာ ပျက်သွားမှာ မဟုတ်ဘူးဆိုတာကို သတိရပါ။ တိုင်ကြားချင်တဲ့ အကြောင်းအရာဘေးက Report Link ကိုနှိပ်ပြီး တိုင်ကြားခြင်းဟာ Facebook ပေါ်က link တွေကို တိုင်ကြားဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၇) သင့်သူငယ်ချင်းအကောင့် hack လုပ်ခံရပြီဟုထင်လျှင် သူ့ကိုသတိပေးပါ။

သင် hack ခံရလျှင် Facebook က သင့်ကို ကူညီပေးပါလိမ့်မယ်။ Facebook Help Center ကိုဝင်ရောက်ပြီး အကူအညီတောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က