ယခုတစ်ပတ်အတွင်း MyJobs မှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက ရာထူးမြင့်ပြီး လစာကောင်းတဲ့ Top အဖြစ်ဆုံး အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Wordpress Developer
နည်းပညာလောကမှာ အလုပ်လုပ်နေကြတဲ့သူတွေအနေနဲ့ အခွင့်အလမ်းကောင်းရရှိဖို့ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ လုပ်သက်အတွေ့အကြုံ ၂ နှစ်လောက် ရှိဖို့ လိုအပ်ပြီး နည်းပညာနဲ့ဆက်စပ်သက်ဆိုင်တဲ့ ဘွဲ့ရရှိသူတွေအတွက် ပိုမိုသင့်တော်ပါတယ်။ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Chef (Specialize Chinese Food/ Thai Food)
ဒီအလုပ်အကိုင်အခွင့်အလမ်းကတော့ ပညာရေးထက် လုပ်သက်အတွေ့အကြုံကို ဦးစားပေးထားတာပါ။ လျှောက်ထားလိုသူအနေနဲ့ တရုတ်အစားအစာ ၊ ထိုင်းအစားအစာ တွေ ချက်ပြုတ်ကျွမ်းကျင်မှုရှိရုံနဲ့ လျှောက်ထားနိုင်ပါတယ်။ အထက်တန်းအဆင့် ပညာအရည်အချင်းနဲ့လည်း လျှောက်ထားနိုင်ပြီး အတွေ့အကြုံကတော့ ၃ နှစ်ရှိရပါမယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
betterteam.com
၃။ Chinese Interpreter
တရုတ်ဘာသာစကားကို ပိုင်နိုင်ကျွမ်းကျင်စွာ ပြောဆိုနိုင်သူတွေ လျှောက်ထားနိုင်ပါတယ်။ ပညာအရည်အချင်း အထက်တန်းအောင်မြင်ပြီးသူတွေလည်း လျှောက်ထားနိုင်ပြီး မြန်မာစာနဲ့ တရုတ်စာကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ စက်ရုံလုပ်ငန်းတွေမှာ တရုတ်ဘာသာပြန်ခဲ့ပြီး လုပ်သက်အတွေ့အကြုံ ၃ နှစ်ကနေ ၅ နှစ်လောက် ရှိသူတွေ ပိုမိုသင့်လျော်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
၄။ Assistant Branch Manager (Chauk)
ဒီအလုပ်အကိုင်အခွင့်အလမ်းကတော့ ချောက်မြို့နေသူတွေနဲ့ ချောက်မြို့မှာ တာဝန်ထမ်းဆောင်နိုင်သူတွေအတွက်ပါ။ Microfinance လောကမှာ လုပ်သက် ၃ နှစ်လောက် ရှိဖို့လိုအပ်ပြီး စီမံခန့်ခွဲမှုအပိုင်းကို ပိုင်နိုင်သူ ဘွဲ့ရဖြစ်ရပါမယ်။ Microsoft Office နဲ့ Outlook email တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်သူဖြစ်ရပါမယ်။ ချေးငွေဆိုင်ရာကိစ္စရပ်တွေကို စီမံခန့်ခွဲကြီးကြပ်ရမှာဖြစ်တဲ့ဒီအလုပ်အကိုင်အခွင့်အလမ်းဟာ မိမိနဲ့ ကိုက်ညီတယ်၊ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။Manager/ Risk Advisory
လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံရပ်ခြား ခရီးသွားနိုင်သူ / မြန်မာနိုင်ငံတွင်း ခရီးသွားလာနိုင်သူတွေကို ဦးစားပေးအနေနဲ့ ရွေးချယ်ခန့်ထားမှာဖြစ်ပါတယ်။ Computer Engineering/ Computer Science/ Information Systems နဲ့ Accounting Information Systems စတဲ့ ဘွဲ့ရတွေအတွက် အထူးသင့်လျော်ပြီး အင်္ဂလိပ်ဘာသာစကား အရေးအပြော ကျွမ်းကျင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ Business IT/process improvement လောကမှာ လုပ်သက် ၅နှစ်အထက် ရှိသူများ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။