ဖုန်းထဲက ရှင်းပစ်ရမယ့် apps ၁၆ ခုကို ထုတ်ပြန်ထားပါတယ်

ကိုယ်မသိလိုက်ခင် ဘဏ်အကောင့်ထဲက ငွေတွေ ပြောင်သလင်းခါသွားစေမယ့် Joker Virus ဟာ Google Play Store ပေါ်က Apps တွေထဲ ရောက်နေပြီလို့ ဆိုင်ဘာလုံခြုံရေးသုတေသီတွေက ဆိုပါတယ်။ 

အန်းဒရိုက်ထုတ်ကုန်တွေကို တိုက်ခိုက်တဲ့ Joker လို့ခေါ်တဲ့ ဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ က စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ဒီဗိုင်းရပ်စ်ကို နောက်ဆုံးအကြိမ်တွေ့တာ ပြီးခဲ့တဲ့ ဇွန်လက အန်းဒရိုက် App ၈ ခုမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ကတော့ Joker ဗိုင်းရပ်စ်ဟာ Google Play Store ပေါ်က Apps အတော်များများထဲမှာ ခြေရာဖျောက်ပြီး ဝင်ရောက်လာနေတယ်လို့ သတိပေးထားပါတယ်။ 



Photo: unotv

ဒီ malware ဟာ သုံးစွဲသူရဲ့ ခွင့်ပြုချက်မပါဘဲ ငွေပေးချေရတဲ့ Payment Services တွေကို စာရင်းသွင်းမှု လုပ်တာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သုံးစွဲသူတွေ သတိမပြုမိခင်မှာပါဲ သူတို့ဘဏ်အကောင့်ထဲက ပိုက်ဆံတွေ မ,ထုတ်သွားတာ ဖြစ်တယ်လို့လည်း Entrepreneur ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ "ဒီအဖျက်အမှောက်လုပ်တဲ့ ပရိုဂရမ်ကို Play Store application ၈ ခုမှာ တွေ့ထားပါတယ်။ အခုတော့ ဒီ Apps တွေကို Goolge က ဖြုတ်ချထားပါတယ်" လို့လည်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ရဲ့ သောကြာနေ့က ရဲဌာနဝက်ဘ်ဆိုက်ပေါ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Google Play Store ကနေ Joker ဗိုင်းရပ်စ်ပါဝင်ကြောင်း ထောက်လှမ်းသိရှိပြီး ဖြုတ်ခဲ့တဲ့ App ၈ ခုကတော့ Auxiliary Message ၊ Element Scanner ၊ Fast Magic SMS ၊Free CamScanner ၊ Go Messages ၊ Super Message ၊ Super SMS နဲ့ Travel Wallpapers တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေကတော့ ဒီထက်မက Joker ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ Apps တွေအများကြီး ရှိပြီး ဒါကို မသိတဲ့ users တွေလည်း သန်းနဲ့ချီ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ '

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Zscaler ရဲ့ ဆိုက်ဘာလုံခြုံရေးသရုပ်ခွဲမှုအရ Joker ဗိုင်းရပ်စ်ကုဒ်ပါတဲ့ Apps ၁၆ ခု ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ Zscaler က သတိပေးထားတဲ့ Apps ၁၆ ခုကတော့ -

  • Private SMS
  • Hummingbird PDF Converter - Photo to PDF
  • Style Photo Collage
  • Talent Photo Editor - Blur focus
  • Paper Doc Scanner
  • All Good PDF Scanner
  • Care Message
  • Part Message
  • Blue Scanner
  • Direct Messenger
  • One Sentence Translator - Multifunctional Translator
  • Mint Leaf Message-Your Private Message
  • Unique Keyboard - Fancy Fonts & Free Emoticons
  • Tangram App Lock
  • Desire Translate
  • Meticulous Scanner

တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ apps တွေ ဒေါင်းလုပ်ဆွဲမိတာ ၊ Install သွင်းထားတာ ရှိရင်လည်း ကိုယ့်ဖုန်းကနေ အမြန်ဖျက်ပစ်ဖို့ တိုက်တွန်းထားပါတယ်။

Joker ဗိုင်းရပ်စ်နဲ့ အလားတူ မျိုးရင်း malware ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ Apps တွေဟာ SMS ကနေ တစ်ဆင့် လိမ်ညာမှုတွေ လုပ်ပြီး အွန်လိုင်းငွေပေးချေမှုတွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ငွေပေးချေမှုကို မိုဘိုင်းဖုန်းဘေလ်နဲ့ အလွယ်တကူ ငွေချေနိုင်အောင် လပ်ထားတဲ့ တယ်လီဖုန်းအော်ပရေတာနဲ့ တခြား services ရောင်းသူတွေရဲ့ ချိတ်ဆက်မှုကို အခွင့်ကောင်းယူပြီး ဗိုင်းရပ်စ်ကနေ သုံးစွဲသူကို မသိဘဲ အလိုအလျောက် ငွေပေးချေမှုတွေ လုပ်သွားတာပါ။


Photo: The BL

၂၀၁၇ ခုနှစ်မှာ မတူညီတဲ့ apps တွေထဲ ပုန်းအောင်းနေပြီး Apps သုံးသူတွေရဲ့ ငွေပေးချေမှုကို မွှေနှောက်သွားရာကနေ Joker malware ဆိုတာ နာမည်ကြီးသွားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး Google Play Store ရဲ့ ဗိုင်းရပ်စ်ခုခံတားဆီးရေးစနစ်ဟာ Joker ဗိုင်းရပ်စ်ကို သုံးစွဲသူတွေ ဒေါင်းလုပ်မဆွဲခင် သိရှိပြီး Joker malware ထည့်မြှပ်ထားတဲ့ apps ပေါင်း ၁၇၀၀ ခန့်ကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ စက်တင်ဘာလထဲမှာ Joker ဗိုင်းရပ်စ်ကို အန်းဒရိုက် Apps ပေါင်း ၂၄ ခုမှာ တွေ့ခဲ့ပြီး ဒီ Apps တွေကို မဖယ်ရှားခင်အထိ ဒေါင်းလုပ်ဆွဲသူ ၅ သိန်းကျော် ရှိခဲ့တယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။ Joker ဗိုင်းရပ်စ်ဟာ အမေရိကန် ၊ ဘရာဇီး နဲ့ စပိန်အပါအဝင် နိုင်ငံပေါင်း ၃၉ ကျော်မှာ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ သုံးစွဲသူ ခွင့်ပြုချက်မပါဘဲ စာရင်းသွင်း Subscription လုပ်မှုကနေ ဟက်ကာတွေဟာ တစ်ပတ်ကို ၇ ဒေါ်လာအထိ အပတ်စဉ် ခိုးယူဖွယ်ရှိပြီး နောက်ပိုင်းလတွေမှာ ခိုးတဲ့ကိန်းဂဏန်းပမာဏ မြင့်တက်လာဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က