• Featured

    ထက်ထက်မိုးဦးက သူမရဲ့ Idol ပါလို့ ဆိုလာတဲ့ ချောရတနာ

သူ့ကို ချစ်လွန်းလို့။

ချောရတနာက သရုပ်ဆောင် ထက်ထက်မိုးဦးဟာ သူမရဲ့ Idol တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ထက်ထက်မိုးဦးကို တွေ့တဲ့အချိန်မှာ ချစ်လွန်းလို့ ရင်တွေတောင်တုန်ခဲ့ရတယ်လို့ပြောပါတယ်။

image

ချောရတနာကတော့ သူမကိုယ်တိုင် ရူးရူးမူးမူးအားပေးခဲ့ရတဲ့ အနုပညာရှင်ကတော့ ထက်ထက်မိုးဦးပါတဲ့။ ထက်ထက်မိုးဦး ဆံပင်အရှည်ထားသလို လိုက်ထားဖြစ်တယ်လို့လည်း Duwun Media ကနေ ပြောပြလာပါတယ်။

“အရင်တုန်းက အစ်မရဲ့ Idol က မထက်ပေါ့။ မထက်ကို အရမ်းကြိုက်တာ။ ထက်ထက်မိုးဦးကို အရမ်းကြိုက်လို့လည်း ဆံပင်ကို အရှည်ကြီးထားပြီး သူ့ပုံစံအတိုင်းလိုက်လုပ်တာ။ ရူးတာပေါ့နော်။ မထက်ရဲ့ ပြက္ခဒိန်လေးတွေ၊ Wall Sheet လေးတွေဆိုရင် အိမ်မှာစုတယ်’’ လို့ဆိုပါတယ်။

Photo: Chaw Yadanar

ထက်ထက်မိုးဦးနဲ့အတူတူအနုပညာအလုပ်တွေ လုပ်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ချောရတနာက ပြောပြခဲ့ပါသေးတယ်။

“ သူနဲ့ဆုံဖြစ်တယ်။ စစချင်းတွေ့တုန်းကဆိုရင် ရင်တွေတုန်ပြီး ဒူးတွေတောင်ရိုက်တယ်။ သူကတော့ မသိလောက်ဘူး။ သူ့ကို ချစ်လွန်းလို့ပေါ့နော်။ မထက်ကလည်း ကိုယ့်ကို ချစ်ပါတယ်။ အဆင်ပြေတယ်။ အရင်တုန်းက မှတ်တမ်းရုံးထဲမှာနေခဲ့တုန်းကဆိုရင် သူများမကြည့်ရသေးတဲ့ ရုပ်ရှင်ကားကြီးတော်တော်များများလည်း အစ်မတို့ ကြည့်ခဲ့ရတယ်။” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ကသူမရဲ့ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

Photo: A Linn Young

လက်ရှိမှာတော့ ချောရတနာကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ ပိုများလို့လာပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေရှာဖွေရင်း ချစ်ဖို့ကောင်းတဲ့အကြောင်းတွေကိုလည်း သူမရဲ့ ပရိသတ်တွေက ပြောလာကြတယ်လို့ဆိုပါတယ်။

“ အစ်မကတော့ ဒီအသက်အရွယ်နဲ့ ဟိုးအရင်တုန်းက ပုံနဲ့တော့ ကွာပါတယ်။ ပရိသတ်တွေကတော့ ချစ်တဲ့စိတ်နဲ့ ချစ်ကြတာပေါ့နော်။ အသက်အပိုင်းအခြားလည်း ကွာလာသလို ရုပ်လည်း ကွာလာတယ်။ ပြီးတော့ စိတ်တွေလည်း ကွာလာပါတယ်။ ငယ်ငယ်တုန်းကဆိုရင် လူကသာအနေအေးတာ အနုပညာနဲ့ပတ်သက်တဲ့ ပိုးလေးကတော့ ရှိတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: Chaw Yadanar

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က