မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ အေစီမီလန်က ပီအက်စ်ဂျီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာအတွက် အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ပွဲပါ။
အေစီမီလန်အသင်းပရိသတ်တွေဟာ ပွဲမစခင်ကတည်းက အမေရိကန်ဒေါ်လာအတုတွေကို ပြင်ဆင်ထားခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။ တကယ်တမ်း ပွဲကစားချိန်မှာလည်း အေစီမီလန်ပရိသတ်တွေက သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည်လှောင်ပြောင်တဲ့အနေနဲ့ ဒီပိုက်ဆံအတုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
ဒွန်နာရမ်မာဟာ အေစီမီလန်အတွက် အားကိုးရတဲ့ အချစ်တော်ဂိုးသမားဖြစ်ခဲ့တာပါ။ ဒါပေမယ့် အသင်းကို ခြေစုံကန်ပြီး ထွက်သွားခဲ့တာကြောင့် အေစီမီလန်ပရိသတ်တွေက သူ့ကို ငွေမက်သူအဖြစ် သတ်မှတ်ကာ အခုလိုမျိုးပဲ ပစ်မှတ်ထား လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အေစီမီလန်ကနေလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပါတယ်။
အေစီမီလန်ပရိသတ်တွေဟာ ဒီမတိုင်ခင်ကလည်း ဒွန်နာရမ်မာကို အီတလီရဲ့ ပွဲစဉ်တစ်ခုမှာ အခုလိုမျိုးပဲ ပိုက်ဆံအတုတွေ ကွင်းထဲပစ်ထည့်ကာ လှောင်ပြောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် အဆိုပါ ပိုက်ဆံမှာ ဒွန်နာရမ်မာရဲ့ နာမည်အစား “ဒေါ်လာရမ်မာ” “ဂုဏ်သိက္ခာမရှိတဲ့ကောင်” အစရှိသဖြင့် ရေးသားဖော်ပြထားတယ်လို့လည်း သိရှိရပါတယ်။