ယနေ့ဂျူလိုင်၁ရက်နေ့ကတော့ ဂီတမှော်ဆရာကြီးအဆိုတော်ထူးအိမ်သင်ရဲ့ မွေးနေ့လေးပါ။
သူသာအသက်ရှင်နေဦးမယ်ဆိုရင် အသက်၆၀ပြည့်တဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။
Photo-MiKon Htaw FB
ဖခင်ဖြစ်သူရဲ့ မွေးနေ့အမှတ်တရအဖြစ် သမီးဖြစ်သူမိကွန်ထောကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာထက်ကနေ မိဘနှစ်ပါးပုံလေးကို ဆွဲထားတဲ့အမှတ်တရပုံလေးကိုတင်ထားပြီးအခုလိုပဲရေးသားထားပါတယ်။
"Vector art ပုံတွေ မဆွဲတာကြာပြီ။ လက်ရည်ကျသွားပေမဲ့ ဒီနေ့က ဇူလိုင် ၁ ရက်နေ့မို့ ဆွဲလို်တာ။ အဖေနဲ့ အမေ အတူတူရိုက်တဲ့ ရှားရှားပါးပါးပုံလေးလည်းဖြစ်သလို ကိုယ်အကြိုက်ဆုံးပုံလေးလည်း ဖြစ်တယ်။
happy birthday ဖေ'ဆိုပြီး ဖခင်ဖြစ်သူအတွက်မွေးနေ့ဆုတောင်းစကားကို ပုံလေးနဲ့ဖော်ပြထားခဲ့ပါတယ်
Photo-MiKon Htaw FB
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ထူးအိမ်သင်က ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာ တစ်နေရာ ယူထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကိုတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများက ကိုငှက်ကြီး လို့ ချစ်စနိုးနဲ့ ခေါ်ကြပါသေးတယ်။
Photo-MiKon Htaw FB
အဆိုတော် ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ၁၄ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်က မရှိတော့ပေမယ့် သူရေးသားထားတဲ့ သီချင်းတွေကတော့ ဒီနေ့အချိန်ထိ ဂီတလောကမှာ အောင်မြင်ကျော်ကြားလျှက်ရှိပါတယ်။ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေရဲ့ ရင်ထဲမှာလည်း သတိတရရှိလို့နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။