• ပါလက်စတိုင်း - သြစတြေးလျပွဲမှာ စိတ်ဝင်စားဖွယ်ရာတွေ ရှိနေတယ်

ဒီပွဲမှာ သြစတြေးလျအနိုင်ကစားမှ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မှာပါ။

သြစတြေးလျ အသင်းရဲ့ မှတ်တမ်းကောင်းတွေကြောင့် ဒီကနေ့ပွဲမှာ အနည်းဆုံး သွင်းဂိုး တစ်ဂိုးတော့ ရရှိဖို့ ရှိနေပါတယ်။

ဒီနှစ်သင်းက ဒီဖက်နှစ်ပိုင်းမှာ တစ်ကြိမ်မှ မတွေ့ဖူးထားပဲ ဒီနှစ်မှာတော့ တစ်အုပ်စုတည်းကျရောက်နေပါ တယ်။ သြစတြေးလျက အဖွင့်ပွဲမှာ ဂျော်ဒန်ကို ရှုံးထားပေမယ့် ပါလက်စတိုင်းကတော့ ဆီးရီးယားနဲ့ သရေ ကျထားပါတယ်။

၁။ မကာဘီတဲလ်အဗစ် ခရီးစဉ်

၁၉၃၉ ခုနှစ် ဝန်းကျင်ပ ၅ ကြိမ်ထိ ကစားခဲ့ဖူးပါတယ်။အဲ့တုန်းက အစ္စရေး ကလပ် မကာဘီ တဲလ်အဗစ် အသင်းဟာ သြစတြေးလျမြေကို ခြေစမ်းခရီးစဉ်အဖြစ် လာကစားခဲ့တာပါ။ အဲ့အချိန်မှာ သြစတြေးလျအသင်း ကို ပါလက်စတိုင်းအသင်းအမည်နဲ့ ၅ ကြိမ် ကစားခဲ့ပြီး သြစတြေးလျက ၃ ပွဲနိုင်ကာ ပါလက်စတိုင်းက ၁ ပွဲနိုင် ပြီး ၁ ပွဲသရေကျထားခဲ့တာပါ။

၂။ ပထမဆုံး ရမှတ်စုဆောင်းနိုင်တဲ့ ပါလက်စတိုင်း

အဖွင့်ပွဲမှာ ဆီးရီးယားဆီက သရေတစ်မှတ်ရယူနိုင်ခဲ့တာဟာ ပါလက်စတိုင်းအသင်းအတွက် အာရှဖလားပြိုင်ပွဲ ပထမဆုံး ရမှတ် ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက အုပ်စုပွဲ ၃ ပွဲစလုံး ကစားခဲ့ရာမှာ ၃ ပွဲစလုံး ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး အာရှဖလားကိုလည်း ၂၀၁၅ ခုနှစ်ကမှ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

image

၃။ အဖွင့်ပွဲရှုံးတဲ့ ချန်ပီယံ

သြစတြေးလျက အုပ်စု အဖွင့်ပွဲမှာ ဂျော်ဒန်ကို အမှတ်မထင် တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဒီအခြေအနေက သြစတြေးလျအသင်းအတွက် ဖိအားဖြစ်စေခဲ့သလို အာရှဖလား သမိုင်းမှာ လက်ရှိချန်ပီယံအသင်းတွေဟာ အုပ်စု အဖွင့်ပွဲမရှုံးတဲ့ အစဉ်အလာလည်း ပျက်ခဲ့ရပါတယ်။

၄။ ရဂိုး တစ်ဂိုးပဲရှိသေးတဲ့ ပါလက်စတိုင်း

၂၀၁၅ ခုနှစ်က စတင်ပါဝင်ကစားထားတဲ့ ပါလက်စတိုင်းအသင်း အခုထိ ရဂိုး ၁ ဂိုးပဲ ရှိပါသေးတယ်။ ဂျော်ဒန်နဲ့ ပဲ အဲ့တုန်းက တစ်အုပ်စုတည်း ကျခဲ့ဖူးပြီး ၅-၁ ဂိုးနဲ့ ရှုှုံးနိမ့်ခဲ့တာပါ။



၅။ နှစ်ပွဲဆက် ဂိုးမရတဲ့ စံချိန်မရှိတဲ့ သြစတြေးလျ

သြစတြေးလျက အာရှဖလားကို ၄ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေတာပါ။ ဒီပြိုင်ပွဲမှာ အဖွင့်ပွဲ ၁ ဂိုး ဂိုးမရှိနဲ့ အ ရေးနိမ့်ခဲ့ပေမယ့် လာမယ့် ပါလက်စတိုင်းနဲ့ပွဲမှာတော့ ဂိုးရဖို့ အခွင့်သာနေပါတယ်။ အကြောင်းကတော့ သြစ တြေးလျအသင်းဟာ အာရှဖလားသမိုင်းတစ်လျှောက် နှစ်ပွဲဆက် ဂိုးမရတဲ့ အစဉ်အလာ မရှိဖူးပါဘူး။

၂၀၁၁ ဗိုလ်လုပွဲတုန်းက ဂျပန်ကို ၁ - ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်၊ဒါပေမယ့် ၂၀၁၅ အုပ်စုအဖွင့်ပွဲမှာ ကူဝိတ်ကို ၄-၁ ဂိုးနဲ့ ပြန်နိုင်ပြီး ဂိုးရတယ်။အဲ့နောက် အုပ်စု နောက်ဆုံးပွဲမှာ တောင်ကိုရီးယားကို ၁-ဝဂိုးနဲ့ ရှုံးတယ်၊ကွာတားဖိုင်နယ် မှာ တရုတ်ကို ၂-၀ နဲ့ ပြန်နိုင်တယ်။ အခုလည်း ဂျော်ဒန်ကို ၁-၀ ဂိုးနဲ့ ရှုံးတယ်၊အစဉ်အလာအရ အခု ပါလက်စ တိုင်းနဲ့ပွဲမှာ သြစတြေးလျ ဂိုးရဖို့ ရှိနေတာပါ။

သြစတြေးလျ - ပါလက်စတိုင်းတို့ရဲ့ အာရှဖလား အုပ်စု ပွဲစဉ်ကိုတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၅ နာရီ ခွဲမှာ ကစားသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က