• Featured

    Sponsored

    ပန်းလှိုင်ဆေးရုံက တိုက်ရိုက်တင်သွင်းတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံသို့ရောက်ရှိ

ပန်းလှိုင်ဆေးရုံက မြန်မာနိုင်ငံသို့ Sinopharm ကိုဗစ်ကာကွယ်ဆေး တိုက်ရိုက်တင်သွင်းတဲ့ ပထမဆုံးပုဂ္ဂလိကဆေးရုံဖြစ်ပါတယ်။

ပန်းလှိုင်ဆေးရုံက  Sinopharm မှ မှာယူတင်သွင်းတဲ့ Sinopharm Covid-19 ကာကွယ်ဆေးများ  လက်ဝယ်ရရှိပြီဖြစ်ကြောင်း ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Sinopharm ထံမှ မှာယူတင်သွင်းတဲ့ Sinopharm BIBP (Beijing Institute of Biological Products) Covid-19 ကာကွယ်ဆေးများ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း ပန်းလှိုင်ဆေးရုံက ပြောပါတယ်။

ယခုကဲ့သို့  Sinopharm ထံမှ Sinopharm ကာကွယ်ဆေးများကို ပုဂ္ဂလိကဆေးရုံတစ်ရုံမှ တိုက်ရိုက်မှာယူ တင်သွင်းခြင်းက ပထမဆုံးအကြိမ်ဖြစ်ကာ ပန်းလှိုင်ဆေးရုံကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်ဖြင့် Sinopharm ကာကွယ်ဆေးကို တင်သွင်း ထိုးနှံပေးနိုင်တဲ့ ပထမဆုံးသော ပုဂ္ဂလိက ဆေးရုံဖြစ်တယ်လို့ သိရပါတယ်။

image

First Myanmar Investment Public Company Limited (“FMI”) က တည်ထောင်ထားတဲ့ ပန်းလှိုင်ဆေးရုံဟာ Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ကုသခြင်းတို့အတွက်  မြန်မာနိုင်ငံရဲ့  (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှ ခွင့်ပြုချက်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ရရှိခဲ့တဲ့  ပထမဆုံး ပုဂ္ဂလိကဆေးရုံလည်းဖြစ်ပါတယ်။

 “ပန်းလှိုင်ဆေးရုံသည် ကူးစက်ရောဂါဖြစ်ပွားနေချိန် တလျှောက်လုံးတွင် လူနာများအတွက် မနားမနေ ကျန်းမာရေးဝန်ဆောင်မှုများပေးခဲ့ပြီး ရောဂါရှိလူနာများကို ဘေးကင်းလုံခြုံစွာဖြင့် ကိုင်တွယ်ကုသမှုပေးနိုင်ရန် ဆေးဘက်ဆိုင်ရာ ဆောင်ရွက်ကုသပေးမှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်ခဲ့ပါသည်” လို့ ပန်းလှိုင်ဆေးရုံ ရဲ့ Chief Executive Officer ဖြစ်သူ Dr Gershu Paul က ပြောပါတယ်။

“Covid-19 သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝအပေါ် များစွာသက်ရောက်မှု ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက်လည်း အခက်အခဲများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။  ယခုကဲ့သို့ ကာကွယ်ဆေး တင်သွင်းခွင့်ရရှိပြီး မြန်မာပြည်သူများကို ကာကွယ်စောင့်ရှောက်ခွင့် ရရှိသည့်အတွက် များစွာဂုဏ်ယူမိပါသည်။ ကျွန်တော်တို့သည် နိုင်ငံအတွင်း နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုများ ပေးစွမ်းရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါသည်” လို့ FMI ၏ Chief Operating Officer ဖြစ်သူ ဦးထွန်းထွန်း က ဆိုပါတယ်။

 

 ပန်းလှိုင်ဆေးရုံဟာ ရန်ကုန်၊ မန္တလေးနဲ့  တောင်ကြီးမြို့များတွင် ကာကွယ်ဆေးစင်တာ (၄) ခုကို တည်ဆောက်ခဲ့ပြီး ထိုကာကွယ်ဆေးစင်တာများမှ တစ်နေ့လျှင် လူဦးရေပေါင်း ၁၀,၀၀၀ အထိကို ကာကွယ်ဆေး ထိုးနှံပေးနိုင်တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်းမှ တင်သွင်းပေးသည့် Sinopharm ကာကွယ်ဆေးများဖြင့်လည်းကောင်း ၊ ကုလသမဂ္ဂဌာနေ အဖွဲ့အစည်းများမှ တင်သွင်းသည့် ကာကွယ်ဆေးများဖြင့်လည်းကောင်း ပန်းလှိုင်ဆေးရုံက ယနေ့အချိန်အထိ ကာကွယ်ဆေးပေါင်း အလုံးရေ ၇၀,၀၀၀ ကျော် ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က