ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်ရာမှ တက္ကစီယာဉ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံးသွားမှု ဒီနေ့ မတ်လ ၁၉ ရက် မနက်အစောပိုင်းက လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo- Chit Min Thu (ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ်)
ဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်က လှိုင်သာယာမြို့နယ် တပင်ရွှေထီးလမ်း ညောင်ပင်မှတ်တိုင်အနီးမှာ လမ်းဘေးရပ်ထားတဲ့ ကုန်တင်ကား အနောက်ပိုင်းကို တက္ကစီယာဉ်တစ်စီးက ဝင်တိုက်ခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မှုစစ် ရဲအုပ်သန်းမင်းထက်က Duwun ကို ပြောပါတယ်။
“ဝင်တိုက်ခဲ့တဲ့ တက္ကစီယာဉ်မောင်းက နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လက်ရှိတော့ သေဆုံးသူယာဉ်မောင်းကို သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်” လို့ ယာဉ်မှုစစ် ရဲအုပ်သန်းမင်းထက်က ဆိုပါတယ်။
Photo- Chit Min Thu (ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ်)
သေဆုံးသူယာဉ်မောင်းမှာ အသက် ၂၇ နှစ်အရွယ် ရန်ကျော်ဆိုသူဖြစ်ပြီး တိုက်မိခဲ့တဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ အိပ်ငိုက်လို့ သတိမမူရာကနေ ဝင်တိုက်မိခဲ့တာလို့ သုံးသပ်ထားကြောင်း ယာဉ်မှုစစ်က ပြောပါတယ်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာ တပင်ရွှေထီးလမ်းမှာ ကုန်တင်ကားတွေ အဓိက အသွားအလာများပြီး လမ်းကလည်း ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။