ယူနိုက်တက်ပရိသတ်တွေဟာ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့ သတင်းထွက်ပေါ်နေတဲ့အပေါ် တုန်လှုပ်ချောက်ချားနေကြကြောင်း သိရှိရပါတယ်။ ပေါ်တာဟာ ချဲလ်ဆီးနည်းပြရာထူးကနေ အထုတ်ခံထားရသူပါ။


ယူနိုက်တက်ပရိသတ်တွေကတော့ “ဂရေဟမ်ပေါ်တာက ယူနိုက်တက်ကို လာမယ်တဲ့လား? မလုပ်ပါနဲ့ဗျာ။ ကျေးဇူးတင်ပါတယ်” “ဂရေဟမ်ပေါ်တာတဲ့လား။ ငါ့မှာ ပြောစရာစကားတောင် မရှိတော့ပါဘူး” “ရက်ကလစ်ဖ်ရေ... ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အရေးပါတဲ့ ပိုင်ရှင်သစ်ဖြစ်လာမယ့် ရက်ကလစ်ဖ်ဟာ ပေါ်တာရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ ပြင်သစ်ကလပ် နိုက်စ်မှာရှိနေကတည်းက ပေါ်တာကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း သိရှိရပါတယ်။