တစ်ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ပွဲကစားချိန်နည်းပါးမှုနဲ့ပတ်သက်ပြီး ညည်းတွားပြောဆိုခဲ့တဲ့ ဂက်ဘရီရယ်ဂျီးဆပ်ရဲ့ပြောကြားမှုနဲ့ပတ်သက်ပြီး ပြဿနာမရှိကြောင်း ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂျီးဆပ်ဟာ အကောင်းဆုံးပုံစံပြသနေတဲ့ ဆာဂျီယိုအဂူရိုရဲ့နောက်မှာ ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ပါရမီရှင်တိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ကစားရသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ဂက်ဘရီရယ်ဂျီးဆပ်ရဲ့ မှတ်ချက်စကားကို တုံ့ပြန်ခဲ့ပြီး ၎င်းရဲ့တိုက်စစ်မှူးဟာ ထူးခြားတဲ့ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။

“သူက ထူးခြားတဲ့သူပါ။ ကျွန်တော် အင်တာဗျူးကို တွေ့ခဲ့ပြီး အဲဒါက ပြီးပြည့်စုံပါတယ်။ ကိစ္စမရှိပါဘူး။ သူက လေးစားမှုရှိတဲ့သူပါ”

“သူ ကစားချင်တယ်ဆိုတာ ဟုတ်ပါတယ်။ သူက ဘရာဇီးလ်ရဲ့ ကျောနံပါတ် ၉ ပါ။ သူက ဒီလိုစိတ်ပိုင်းဆိုင်ရာမျိုးရှိတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော တိုက်စစ်မှူးပါ”

“သူ တစ်စက္ကန့်၊ နှစ်မိနစ်၊ မိနစ် ၉၀ ကစားရရင် အကောင်းဆုံးဖြစ်အောင် ကစားပါတယ်”

“ကျွန်တော်အပြည့်အဝ နားလည်ပါတယ်။ ကစားသမားအားလုံးက ပွဲအားလုံး ကစားချင်မှာပါ။ အဲဒါက သာမန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဂက်ဘရီရယ်ဂျီးဆပ်ဟာ ယခုရာသီမှာ ပွဲထွက်ပါဝင်ကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့ ပရိသတ်တွေကြားမှာ ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ဂျီးဆပ်က မကြာခဏအရန်ခုံမှာ ချန်လှပ်ခံနေရတာကို မပျော်မရွှင်ဖြစ်နေကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပြောခဲ့သလိုပဲ။ ကျွန်တော် ကစားချင်တယ်”

“နည်းပြရဲ့အတွေးအခေါ်ကိုလည်း ကျွန်တော် နားလည်ပြီး လေးစားပါတယ်။ ကျွန်တော် အမြဲတမ်းကစားချင်တယ်ဆိုတာကို ရှင်းလင်းအောင် လုပ်ခဲ့တာပါ”

“ကျွန်တော် စီးတီးမှာ အရမ်းပျော်ရွှင်နေပါတယ်။ အဲဒီတော့ စီးတီးကို စွန့်ခွာဖို့ အကြောင်းပြချက်မရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က