ပရီးမီးယားလိဂ်ပွဲစဉ်-၉ ရဲ့ လက်ကျန်ပွဲစဉ်တစ်ပွဲအဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့အာဆင်နယ်တို့ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ နှစ်သင်းလုံးရဲ့ ရလဒ်ပိုင်းကလည်း တည်ငြိမ်နေတ ယ်လို့ပဲ ဆိုရမှာပါ။ အာဆင်နယ်ကလည်းပရီးမီးယားလိဂ်နောက်ဆုံး ၅ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့အတွက် ရှက်ဖီးလ်အတွက်ဖိအားရှိလာနိုင်ပါတယ်။ အသင်း ကြီးတွေနဲ့တွေ့တိုင်းရလဒ်ကောင်းလေ့ရှိတဲ့ ရှက်ဖီးလ်ရဲ့အိမ်ကွင်းမှာ အာဆင်နယ်တို့ ၆ပွဲဆက် ရှုံးပွဲမရှိရလဒ်စွမ်းဆောင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ . . .။
ရှက်ဖီးလ်ယူနိုက်တက် Vs အာဆင်နယ်
ထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၆-၀ ရှက်ဖီးလ်ယူနိုက်တက်
ရှက်ဖီးလ်ယူနိုက်တက် ဝ-၃ အာဆင်နယ်
ရှက်ဖီးလ်ယူနိုက်တက် ၁-၀ အာဆင်နယ်
အာဆင်နယ် ၃-၀ ရှက်ဖီးလ်ယူနိုက်တက်
အာဆင်နယ် ၃-၀ ရှက်ဖီးလ်ယူနိုက်တက်
ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
ဝက်ဖို့ဒ် ဝ-၀ ရှက်ဖီးလ်ယူနိုက်တက်
ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ အာဆင်နယ်
အဲဗာတန် ဝ-၂ ရှက်ဖီးလ်ယူနိုက်တက်
အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
အာဆင်နယ် ၁-၀ ဘုန်းမောက်
မန်ယူနိုက်တက် ၁-၁ အာဆင်နယ်
အာဆင်နယ် ၃-၂ အက်စတွန်ဗီလာ
နှစ်ဖက်အသင်းသတင်းများ
- ရှက်ဖီးလ်ရဲ့ အဓိက,ကစားသမားအများစု ဒဏ်ရာပြဿနာကင်းနေပြီး လူစုံပွဲထွက်လာနိုင်။
- လာကာဇက်ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့အတွက် ပီပီ၊ အူဘာမီယန်တို့ပဲ ဦးဆောင်လာဖွယ်ရှိ။
- ၃-၅-၂၊ ၄-၅-၁ ကစားကွက်တွေအသုံးပြုလာနိုင်ပြီး အိုကော်နယ်လ်၊ လောင်းဒ်စတက်တို့ဦး ဆောင်လာဖို့ရှိနေ။
- ဟိုးလ်ဒင်း၊ လူးဝစ်ဇ်၊ တီယာနေးလ်၊ ဘယ်လာရင်တို့ကို အာဆင်နယ်ရဲ့ပွဲထွက်နောက်ခံလူအ ဖြစ် မြင်တွေ့ရနိုင်ချေများ။
ပွဲကြိုအချက်အလက်
- ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားရာတွင် ရှက်ဖီးလ်ယူနိုက်တက်တို့ ၃ပွဲရှုံး၊ ၂ပွဲသရေ၊ ၁ပွဲနိုင်ရ လဒ်သာရရှိထားခဲ့။
- အစဉ်အလာအရနောက်ဆုံး ၉၈ကြိမ်ရင်ဆိုင်ထားရမှာ ရှက်ဖီးလ်က ၃၄ကြိမ်နိုင် ၂၃ကြိမ်သရေ ကျထားပြီး အာဆင်နယ်က ၄၁ကြိမ်ပြန်နိုင်ထား။
- အာဆင်နယ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၆ပွဲမှာ ၅ပွဲနိုင်၁ပွဲသရေရရှိထားပြီးတိုက်စစ် က ၁၇ဂိုးသွင်း ၃ဂိုးသာပြန်ပေးထားရ။
ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
ဒဏ်ရာ/ပွဲပယ်
ရှက်ဖီးလ်ယူနိုက်တက် - မက်ဂိုးလ်ရစ်ခ်၊ ဂျွန်ဖလက်ခ်၊ ရော်ဘင်ဆန်၊ မက်ဘရိုက်(ကြံ့ခိုင်မှုမပြည့်ဝ)
အာဆင်နယ် - နယ်လ်ဆန်၊ ရိုဝီ၊ လာကာဇက်။
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်မှု
ရှက်ဖီးလ်ယူနိုက်တက်ရဲ့အိမ်ကွင်းခြေစွမ်းကလည်း လျော့တွက်လို့မရပါဘူး။ ဒါပေမဲ့အာဆင်နယ်ရဲ့တို က်စစ်ကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့ခက်ပါတယ်။ အာဆင်နယ်ရဲ့နောက်ထပ်အဝေးကွင်းနိုင်ပွဲတစ်ပွဲ မြင် တွေ့ခွင့်ရနိုင်ပါတယ်။
ခန့်မှန်းရလဒ် - ရှက်ဖီးလ်ယူနိုက်တက် ဝ-၂ အာဆင်နယ်