မနေ့ညက ယူနိုက်တက်တို့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပရိသတ်တွေက ကက်စ်မဲရိုးရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်နေကြပါတယ်။ ကက်စ်မဲရိုးဟာ ဒီပွဲမှာ ဗဟိုနောက်ခံလူနေရာကနေ ပွဲထွက်ခဲ့တာပါ။

ယူနိုက်တက်ဗဟိုနောက်ခံလူတွေရဲ့ ဒဏ်ရာပြဿနာတွေကြောင့် အရင်ပွဲတွေမှာကတည်းက ကက်စ်မဲရိုးက ဗဟိုနောက်ခံလူနေရာကို ဆင်းကစားပေးခဲ့ရတာပါ။ ဒီပွဲမတိုင်ခင်မှာတော့ မက်ဂွိုင်းရားပါ ဒဏ်ရာရသွားတာကြောင့် ကက်စ်မဲရိုးက အီဗန်စ်နဲ့ တွဲကစားခဲ့ရပါတယ်။

ကက်စ်မဲရိုးဟာ မနေ့ညက အိုလစ်ရဲ့ ပထမသွင်းဂိုးအတွက် ဖျက်ထုတ်ပုံ လွဲချော်ခဲ့ပြီး ဂိုးပေးလိုက်ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ဂိုးသမား ဟန်ဒါဆင်ကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့လည်း အသင်းရဲ့ သွင်းဂိုးက ပယ်ဖျက်ခံခဲ့ရပါတယ်။
ပဲလေ့စ်ရဲ့ ဒုတိယဂိုးအတွက်လည်း ပထမဂိုးနည်းတူ ကက်စ်မဲရိုးက အမှားအယွင်း ကျူးလွန်ခဲ့ပြီး လူကျွံဘောကြောင့်လည်း နောက်ထပ်သွင်းဂိုးတစ်ဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပဲလေ့စ်ရဲ့ ပွဲသိမ်းဂိုးကလည်း ကက်စ်မဲရိုးရဲ့ အားနည်းချက်ကြောင့် ဖြစ်ခဲ့ပြီး သူ့အတွက်တော့ စိတ်ပျက်စရာ ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။
ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ် မပါဝင်နိုင်တာကြောင့်လည်း ကက်စ်မဲရိုးက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ရတာပါ။ ဒါပေမယ့် ဘရာဇီးသားကြီးကတော့ နေရာယူပုံ အလွဲအချော်တွေ၊ အားနည်းချက်တွေနဲ့အတူ စိတ်ပျက်စရာ ကစားပုံကို ပြသခဲ့ပြီး ပရိသတ်တွေကတော့ သူ့ကို ဝေဖန်ပြစ်တင်နေကြပါတယ်။