လီဗာပူးအသင်းအနေနဲ့ မန်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းမှာ သွားကစားရမှာပါ။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်-၈ အပြီးအထိ ရာနှုန်းပြည့်နိုင်ပွဲရရှိထားခဲ့တာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းနဲ့မန်ချက်စ တာယူနိုက်တက်အသင်းတို့ထိပ်တိုက်တွေ့ဆုံကြမယ့် ပွဲစဉ်တွင် ရှုံးပွဲမရှိရလဒ်ကျိုးပျက်နိုင်တဲ့အပေါ် လီဗာပူးပ ရိသတ်တွေအကြား စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ သုံးသပ်ဖော်ပြမှုအရ သိရပါတယ်။

လက်ရှိမှာ ရလဒ်ကောင်းရရှိနေတဲ့အပြင် ၁၉၉၀နောက်ပိုင်း အမှတ်ပေးချန်ပီယံဆုရရှိရန်အနီးစပ်ဆုံးရှိလာခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် ၈မှတ်အထိဖြတ်ထားနိုင် ခဲ့သော်လည်း အစဉ်အလာပိုင်းအရ ယူနိုက်တက်နဲ့ထိပ်တိုက်တွေ့တိုင်း ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။



Thesun ရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ရင်ဆိုင်ခဲ့တဲ့နောက် ဆုံးပရီးမီးယားလိဂ် ၁၀ပွဲမှာ ၁ပွဲသာအနိုင်ရရှိထားပြီး ၅ကြိမ်ရှုံး၊ ၄ကြိမ်သရေကျထားတဲ့ အစဉ်အလာပိုင်းကြောင့် လီဗာပူးပရိသတ်တွေအနေနဲ့ အခုလိုစိုးရိမ်မှုမြင့်တက်နေတာလည်းဖြစ်ပါတယ်။

လက်ရှိသတင်းဖော်ပြမှုတွေအရ မန်ချက်စတာယူနိုက်တက်အနေနဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ ဂိုးသမားဒီ ဂီယာ၊ ကွင်းလယ်ကစားသမားပေါ့ဘာနဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေခဲ့ပေမယ့် လီဗာပူးအ သင်းပရိသတ်တွေကြားမှာတော့ အသင်းရလဒ်ပိုင်းအတွက် စိုးရိမ်နေဆဲဖြစ်တယ်လို့ သတင်းဖော်ပြတွေဖော်ပြေ နကြတာပါ။

မန်ချက်စတာယူနိုက်တက်၊ လီဗာပူးအသင်းတို့အနေနဲ့ လက်ရှိပွဲစဉ်-၈ အပြီးတွင် အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချဲ လ်ဆီး၊ အာဆင်နယ်တို့နဲ့ရင်ဆိုင်ထားခဲ့ရာမှာ ရှုံးပွဲမရှိရလဒ်ရလဒ်နဲ့အတူအကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က