• ပဟေဠိဆန်စွာ ဖွက်ထားခဲ့တဲ့ ချစ်သူကို အလင်းပြလိုက်တဲ့ နီနီခင်ဇော်

ပရိသတ်တွေ ထင်ထားတာနဲ့ ထပ်တူကျရဲ့လား။

အဆိုတော် နီနီခင်ဇော်တော့ သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ချစ်သူရဲ့ မျက်နှာကို အလင်းပြလိုက်ပါပြီ။

 
image

Photo : Ni Ni IG

ဇန်နီဝါရီ (၂၈) ရက်နေ့က အဆိုတော် နီနီခင်ဇော်တစ်ယောက် ပရိသတ်တွေကို ချစ်သူဆီက လက်ထပ်ခွင့် တောင်းခံမှုကို လက်ခံလိုက်ပြီဆိုတဲ့အကြောင်း သူမရဲ့ လူမှုကွန်ယက်ကနေ အသိပေးခဲ့ပေမယ့်လည်း သူမရဲ့ ချစ်ခင်ပွန်းလောင်းရဲ့ မျက်နှာကို ပဟေဠိဆန်စွာ ဖွက်ထားခဲ့တာပါ။

ဒီနေ့မနက်ပိုင်းမှာတော့ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ ချစ်သူက သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ခင်ပွန်းလောင်း မျက်နှာကို ပရိသတ်တွေ မြင်ရအောင် ပြသလိုက်တာပါ။ သူမဟာ ဓာတ်ပုံလေးတွေနဲ့အတူ “I promise your wait for a decade will be worth more than it can be “ဆိုတဲ့ စာသားလေးနဲ့ အတူ တင်ခဲ့တာ ဖြစ်ပါတယ်။ သူမတင်ထားတဲ့ စာလေးအရ "ငါကတိပေးပါတယ်၊ မင်းစောင့်မျှော်ခဲ့တဲ့ ၁၀စုနှစ်ဟာ ဖြစ်သင့်တာထက် ပိုတန်ဖိုးရပါစေမယ်" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

image

Photo : Ni Ni FB

သူ တင်ထားတဲ့ ၂၀၁၃ နဲ့ ၂၀၂၃ ဓါတ်ပုံအရ ချစ်သူသက်တမ်း အနည်းဆုံး ၁၀ နှစ်​ရှိပြီလို့ ခန့်မှန်းရပါတယ်။အဆိုတော်နီနီခင်ဇော်ကတော့ အချစ်ရေးကို လူသိရှင်ကြားဖွင့်ဟလေ့ရှိသူတစ်ဦးမဟုတ်ပေမယ့်လည်း အခုချိန်မှာတော့ သူမရဲ့မင်္ဂလာသတင်းလေးကို အားလုံးသိအောင် ပြောပြလာတာ ဖြစ်ပါတယ်။ နီနီက မင်္ဂလာသတင်းကို ရုတ်တရက် အသိပေးလိုက်တာကြောင့် အားလုံးက အံ့သြသွားကြပြီး အနုပညာအသိုင်းအဝိုင်းက သူတွေအပြင် ပရိသတ်တွေကပါ ဂုဏ်ပြုစကားဆိုထားကြတာကိုတွေ့ရပါတယ်။


Photo : Ni Ni FB

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိထားပါတယ်။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှုများစွာကို ပိုင်ဆိုင်ထားတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။

 

 

Share

Duwun on Youtube
>
Loading Next Article...
က္က