Photo: standard
သချာၤနဲ့ရူပဗေဒညာရပ်က ဖော်မြူလာတွေမှာ pi ကို တွေ့ဖူးကြမှာပါ။ အာခီမီးဒီးစ် ကိန်းသေလို့လည်း ခေါ်ကြတဲ့ pi ကို အနန္တကိန်းစဉ်တန်းတစ်ခုအဖြစ်လည်း သတ်မှတ်ပြီး ကိန်းဂဏန်းအတိအကျ တွက်ချက်လို့မရတဲ့ ကိန်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ pi ရဲ့ တန်ဖိုးကို တွက်ချက်ရာမှာ ဒသမနောက်မှာ ဂဏန်းပေါင်း ၂၂ ထရီလီယံ (၁ ထရီလီယံ = ဘီလျံ ၁၀၀၀) အထိ တွက်နိုင်ခဲ့တဲ့ စံချိန် ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ Google ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အမ်မာဟာရုက အိုင်ဝါအိုဟာ Google ရဲ့ Cloud Computing ဝန်ဆောင်မှုအကူအညီနဲ့pi တန်ဖိုးကို စံချိန်သစ်တင်အောင် တွက်ချက်နိုင်ခဲ့တယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။ Google Compute Engine သုံးပြီး အိုင်ဝါအိုတွက်ချက်ရာမှာတော့ ကိန်းဂဏန်းပေါင်း ၃၁.၄ ထရီလီယံ အထိ ထွက်လာခဲ့တယ်လို့ဆိုပါတယ်။
Photo: BBC
National Pi Day အဖြစ် ကျရောက်တဲ့ မတ်လ ၁၄ ရက် ပွဲမှာ ထုတ်ပြန်ချက်အရ အိုင်ဝါအိုရဲ့ pi တန်ဖိုးကို ဒသမနောက် ဂဏန်းပေါင်း ၃၁၄၁၅၉၂၆၅၃၅၈၉၇ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီတွက်ချက်မှုအတွက် virtual machine ပေါင်း ၂၅ ခုနဲ့၁၂၁ ရက်ကြာအောင် တွက်ခဲ့ရတာပါ။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာပေါင်း 170TB လိုအပ်ခဲ့တာ ဖြစ်လို့တစ်နည်းအားဖြင့် ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်တစ်ခုလုံးမှာ ရှိတဲ့ ဒေတာပမာဏခန့်လိုအပ်ခဲ့တယ်လို့ဆိုပါတယ်။
အိုင်ဝါအိုဟာ ကလေးဘဝကတည်းက ကိန်းဂဏန်းတွေကို စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က နီကိုလပ်စ်ဆီးဇ်ဆိုသူ ပညာရှင်တစ်ဦးဟာ Yahoo Cloud Computing သုံးပြီး pi ရဲ့ တန်ဖိုးအကြိမ်ပေါင်း quadrillion (၁ နောက် သုည ၁၅ လုံး) မှာ သုညနဲ့ဆုံးတယ်လို့တွေ့ရှိခဲ့ပါတယ်။ pi တန်ဖိုးကို လှိုင်းအကြောင်း ၊ စက်ဝိုင်းနဲ့ဆလင်ဒါတွေအကြောင်း တွက်ချက်ရာမှာ သုံးပြီး အင်ဂျင်နီယာ ၊ ရူပဗေဒ ၊ စူပါကွန်ပျူတာနဲ့အာကာသအကြောင်း လေ့လာဖော်ထုတ်ရာမှာ အသုံးပြုကြပါတယ်။