အသင်းခေါင်းဆောင်တိုက်စစ်မှူး အိုင်ကာဒီရဲ့အပြောင်းအရွှေ့ကို အင်တာမီလန်က စပြီးအတည်ပြုခဲ့တာပါ။
စီးရီးအေကလပ်အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးအိုင်ကာဒီဟာ သတင်းတွေထွက်ပေါ်နေခဲ့တဲ့အ တိုင်းအသင်းကနေထွက်ခွာဖို့သေချာခဲ့ပြီဖြစ်ပြီး ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းသို့ ပြောင်း ရွှေ့ဖို့သေချာခဲ့ပြီဖြစ်တယ်လို့ footballitalia.com က အခိုင်အမာဖော်ပြလာပါတယ်။
အစောပိုင်းသတင်းထွက်ပေါ်မှုအရ အိုင်ကာဒီအနေနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့ရှိနေသော်လည် း နောက် ဆုံးအတည်ပြုသဘောတူညီချက် တစ်နှစ်အငှားစာချုပ်သာဖြစ်လာဖို့ရှိတယ်လို့လည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့တာပါ။
လက်ရှိမှာ အိုင်ကာဒီအနေနဲ့ ဆေးစစ်မှုခံယူဖို့အတွက် ပဲရစ်မြို့ကို ရောက်ရှိပြီဖြစ်ပြီး အပြီးသတ်သေ ဘာတူညီမှုရရှိခဲ့ပြီးတဲ့နောက် မြန်မာစံတော်ချိန် ည ၁၀နာရီဝန်းကျင်တွင် စာချုပ်ချုပ်ဆိုဖို့ရှိနေတ ယ် လို့ လည်းသတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။
ယုံကြည်ရတဲ့သတင်းဝက်ဘ်ဆိုက်တွေဖြစ်တဲ့ SkySportItalia နဲ့ La Gazzetta တွေရဲ့အခိုင်အမာေ ဖာ် ပြချက်များတွင်မူ အိုင်ကာဒီအနေနဲ့ လက်ရှိရာသီမှာအငှားစာချုပ်သာ ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမ ယ့် နှစ်မှာ ယူရို ၇၅သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့သဘောတူခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။
ကစားသမားရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဇနီးဖြစ်သူဝါဒါကတော့ အင်တာမီလန်အသင်းမှာပဲ ဆက်ရှိနေဖို့များတယ်လို့ အစောပိုင်းက ဝန်ခံခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ တရားဝင်ကမ်းလှမ်းမှု ကြောင့်အခုလိုအပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။