နှစ်သင်းလုံးရဲ့ ရလဒ်ပိုင်းက ထင်သလောက်အလုပ်မဖြစ်သေးပါဘူး။ အထူးသဖြင့် စပါးအသင်းရဲ့ခြေစွမ်းပိုင်းက အဆိုးဘက်ကိုပိုပြီးဦးတည်နေပါတယ်။ ဘရိုက်တန်ကတော့ အလ ယ်အလတ်အဆင့်ရောက်ဖို့အတွက်ကိုပင်ရုန်းကန်နေရတယ်လို့ဆိုရမှာပါ။ ၇ပွဲကစား၆မှတ်ရထားတဲ့ဘရိုက်တန်ရဲ့အိမ်ကွင်းရုန်းကန်အားကလည်းလျော့တွက်လို့မရတဲ့အနေအထား ဖြစ်နေပါတယ်။ စပါးအသင်းကတော့ နောက်ဆုံး ၅ပွဲမှာ ၁ပွဲပဲနိုင်ပွဲရှိထားတဲ့အခြေအေ နဖြစ်လို့ နှစ်သင်းလုံးအမှတ်လိုနေတဲ့အနေအထားပါ။ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမား ကောင်းတွေပိုင်ဆိုင်ထားတဲ့ စပါးအသင်းအနေနဲ့ အိမ်ကွင်းဆိုရင် ခံစစ်ပိုင်းပိုကောင်းတဲ့ ဘရိုက်တန်ဆီကနေ အမှတ်ခွဲယူနိုင်မလား ဆိုတာကတော့ . . .။
ဘရိုက်တန် Vs စပါး
ထိပ်တိုက်တွေ့ဆုံမှု
စပါး ၁-၀ ဘရိုက်တန်
ဘရိုက်တန် ၁-၂ စပါး
ဘရိုက်တန် ၁-၁ စပါး
စပါး ၂-၀ ဘရိုက်တန်
စပါး ၂-၀ ဘရိုက်တန်
ဘရိုက်တန်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
ချဲလ်ဆီး ၂-၀ ဘရိုက်တန်
နယူးကာဆယ် ဝ-၀ ဘရိုက်တန်
ဘရိုက်တန် ၁-၁ ဘန်လေ
စပါးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
စပါး ၂-၁ ဆောက်သမ်တန်
လက်စတာ ၂-၁ စပါး
စပါး ၄-၀ ခရစ္စတယ်ပဲလေ့စ်
နှစ်ဖက်အသင်းသတင်းများ
- ဒဏ်ရာရကစားသမားများနေပေမယ့် ကစားသမားအချို့ကို ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်သာရှိနေတာဖြစ် တဲ့အတွက် အရန်စာရင်းမှာပါဝင်လာနိုင်။
- စပါးအသင်းလူစာရင်းမှာတော့ အူရီယာပွဲပယ်ပြစ်ဒဏ်ရှိနေသလို ဆက်ဆဂနွန်လည်း ဒဏ်ရာကြောင့် သေချာပေါက်လွဲချော်မည်ဖြစ်။
- ၄-၅-၁၊ ၃-၅-၁-၁ ကစားကွက်တွေကို အသုံးပြုများတဲ့ ဘရိုက်တန်အနေနဲ့ မာပေးလ်နဲ့ဂရုဒ်တို့နှစ်ဦးကို ပဲ ပွဲထွက်အဖြစ်အသုံးပြုလာဖို့ရှိနေ။
- စပါးအသင်းကတော့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိဒယ်လီအလီကလွဲပြီး ဆွန်ဟောင်မင်၊ ဟာရီကိန်း၊ လာ မယ်လာတို့ ပွဲထွက်လာနိုင်ချေရှိ။
ပွဲကြိုအချက်အလက်
- နောက်ဆုံး ၆ပွဲကစားထားပြီးရာတွင် ဘရိုက်တန်အနေနဲ့ ၃ပွဲရှုံး ၂ပွဲသရေ ၁ပွဲနိုင်ထားပြီး ၃ဂိုးသွင်း၊ ၁၁ ဂိုးပြန်ပေးထားရ။
- အစဉ်အလာအရနောက်ဆုံး ၁၅ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ ဘရိုက်တန်က ၂ကြိမ်နိုင် ၂ကြိမ်သရေကျ ပြီး စပါးက ၁၁ကြိမ်ပြန်အနိုင်ရထား။
- ပြိုင်ပွဲစုံနောက်ဆုံး၆ပွဲကစားထားတဲ့ စပါးအသင်းအနေနဲ့ ၃ပွဲရှုံး ၁ပွဲသရေ ၂ပွဲနိုင်ရလဒ်ရရှိထားပြီး ၁၁ဂိုး သွင်း ၁၂ ဂိုးပြန်ပေးထားရ။
- ဘရိုက်တန်အနေနဲ့ စပါးအသင်းကို ရင်ဆိုင်ခဲ့တဲ့နောက်ဆုံးပရီးမီးယားလိဂ် ၄ပွဲတွင် နိုင်ပွဲလုံးဝမရှိခဲ့ဘဲ ၁ပွဲသရေ ၃ပွဲရှုံးထားခဲ့။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဒဏ်ရာရ/ပွဲပယ်
ဘရိုက်တန် - လီယွန်၊ ရှောင်ဒက်ဖီ၊ ပရိုပါ၊ ချီလိုတို၊ ဘာနာဒို၊ ဆော်လီမာ့ချ်။
စပါး - ဆက်ဆဂနွန်၊ အူရီယာ(ပွဲပယ်)
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်
စပါးအသင်းအနေနဲ့ အပြောင်းအလဲအချို့ဖြစ်လာဖို့ရှိနေသလို မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။ ဘရိုက်တန်ကလ ည်းထင်သလောက်အလုပ်မဖြစ်သေးပါဘူး။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကိုပြန်လ ည်ကုစားဖို့ စပါးတို့ပြင်ဆင်လာမှာပါ။
ခန့်မှန်းရလဒ် - ဘရိုက်တန် ဝ-၂ စပါး