ချယ်လ်ဆီးကို အနိုင်ယူခဲ့အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ဘောလုံးရာသီနှစ်ရာသီဆက်တိုက် ရာသီအစဖွင့်ပွဲ ၆ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် စံချိန်သစ်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။
အဝေးကွင်းမှာ ချယ်လ်ဆီးကို အာနိုးလ်၊ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ယူခဲ့အပြီးမှာ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၆ပွဲစလုံးကို အနိုင်ကစားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ငါးမှတ်ဖြတ်ဦးဆောင်နေဆဲဖြစ်ပါတယ်။ စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပွဲစဉ်က အကြိတ်အနယ်ရှိခဲ့ပြီး လီဗာပူးလ်အနေနဲ့ သူတို့ရဲ့နိုင်ပွဲဆက်နေမှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးကို အနိုင်ယူခဲ့အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ဘောလုံးရာသီနှစ်ရာသီဆက်တိုက် ရာသီအစဖွင့်ပွဲ ၆ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် စံချိန်သစ်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ ၁၅ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး သွင်းဂိုး ၄၂ဂိုးအထိရှိခဲ့တာ ပေးဂိုးကလည်း ၁၂ဂိုးသာ ရှိခဲ့ပါတယ်။
ယာဂင်ကလေ့ာပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနောက် တစ်မှတ်အကွာဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ပိုမိုကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပြီး ရာသီသစ်ကိုအကောင်းဆုံးစတင်နေပြီဖြစ်ပါတယ်။ ၂၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့လည်း လီဗာပူးလ်က ပိုမိုမျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြကလော့ပ်ကိုယ်တိုင်ကလည်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ ဒီရာသီမှာ မန်စီးတီးကို အကောင်းဆုံးစိန်ခေါ်နိုင်တဲ့အသင်းအဖြစ်လည်း လီဗာပူးလ်သာ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ နှစ်ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။