အသက် ၂၀ နဲ့ ၁၄၃ ရက်သားအရွယ်မှာ တစ်ပွဲတည်း ၃ ဂိုး ဖန်တီးပေးထားနိုင်တဲ့ စွမ်းဆောင်မှုက ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မစွမ်းဆောင်နိုင်ထားတဲ့ စံချိန်ကောင်းတစ်ရပ် ဖြစ်ပါတယ်။
လီဗာပူးကို ဝက်ဖို့ဒ်ကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာ လီဗာပူး လူငယ် နောက်ခံလူ အာနိုးလ်ဟာ စံချိန်ကောင်းတစ်ခုကို ဦးဆုံး ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ Goal.comက ဖော်ပြပါတယ်။
အတိအကျဆိုရင်တော့ ၂၀ နှစ်နဲ့ ရက်ပေါင်း ၁၄၃ ရက်သာ ရှိခဲ့သေးတာ ဖြစ်ပြီး ဒီအရွယ်နဲ့ တစ်ပွဲတည်း ၃ ဂိုးအထိဖန်တီးပေးထားနိုင်တာ ပရီးမီးယားလိဂ်မှာ သူ့အပြင် အခြားမရှိဘူးလို့ Goal.comက ဖော်ပြလာပါ တယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ၃ ဂိုး ဖန်တီးပေးထားနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ပထမဆုံးဦး မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
အခုလို ဝက်ဖို့ဒ်နဲ့ပွဲမှာ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ အာနိုးလ်ဟာ ဒီရာသီ လိဂ်ပွဲ ၁၈ပွဲ ကစားပေးထားပြီးချိန်အထိ စုစုပေါင်း ဂိုးဖန်တီးပေးမှု ၆ ကြိမ်အထိ ရှိခဲ့ပြီလို့လည်း သိရပါတယ်။ လီဗာပူးက လာမယ့် တနင်္ဂနွေနေ့မှာတော့ အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ်ဒါဘီအဖြစ် ကစားဖို့ရှိနေပြီး အဲ့ နောက်ဘန်လေအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။