အာဆင်နယ်ရဲ့လေးမှတ်သာကွာဟတော့ပြီး ဖိအားပေးခံနေရပါတယ်။

လန်ဒန်ဒါဘီမှာ ပြိုင်ဘက် ချယ်လ်ဆီးကို ၂-ဝဂိုးနဲ့ရှုံးပြီးနောက်မှာ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မဖြစ်နိုင်တော့ဘူးလို့ နည်းပြ ပိုချက်တီနိုက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားထားခဲ့တဲ့ ဘန်လေနဲ့ ချယ်လ်ဆီးပွဲတွေမှာ နှစ်ပွဲဆက်ရှုံးပြီးနောက် စပါးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်လျှော့လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ နှစ်ပွဲဆက်ရှုံးပြီးနောက် ရမှတ် ၆၀ နဲ့ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်နဲ့ ကိုးမှတ်၊ ဒုတိယနေရာက မန်စီးတီးနဲ့ ရှစ်မှတ်အထိကွာဟနေပါတယ်။ ဒါ့အပြင် စပါးအသင်းဟာ အဆင့် ၃နေရာအတွက် အဆင့် ၄ မှာရပ်တည်နေတဲ့ အာဆင်နယ်နဲ့ လေးမှတ်သာကွာဟတော့ပြီး ဖိအားပေးခံနေရပါတယ်။

“ဘန်လေကို ရှုံးပြီးတော့ ချန်ပီယံဆုအတွက်ခက်သွားပြီလို့ပြောခဲ့တယ်။ ချယ်လ်ဆီးကို ရှုံးပြီးနောက်မှာတော့ မန်စီးတီးနဲ့ လီဗာပူးလ်ကို လိုက်မီဖို့မဖြစ်နိုင်တော့ပါဘူး။ သူတို့က ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မယ်။ ကျွန်တော်တို့ကတော့ တစ်ပွဲချင်းပဲအာရုံစိုက်ရတော့မှာပါ။”လို့ ပိုချက်တီနိုက ပွဲအပြီ းသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ စပါးအသင်းဟာ အဓိက ကစားသမားအများစု ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး နောက်ဆုံးနှစ်ပွဲဆက်အရှုံးကြောင့် ထိပ်ဆုံးလေးသင်းနေရာအတွက် အာဆင်နယ်နဲ့ မန်ယူတို့က ဖိအားပေးနေမှုကြောင့် အမှားခံလို့မရတော့တဲ့အနေအထားပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အဖြစ် အာဆင်နယ်အသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။ “ထိပ်ဆုံးလေးနေရာအတွက် မကြောက်ပါဘူး။ ကျွန်တော်တို့နှစ်ပွဲဆက်ရှုံးတယ်။ ဒါပေမယ့် ပြန်လာနိုင်ဖို့ ကြိုးစားရမယ်။ ဒါက ဒရာမာဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်တာ။”လို့ ပိုချက်တီနိုကပြောပါတယ်။ စပါးအသင်းအနေနဲ့ အာဆင်နယ်ကို ရှုံးခဲ့မယ်ဆိုရင် တစ်မှတ်သာကွာဟတော့မှာမို့ ထိပ်ဆုံးလေးနေရာအတွက် မရေရာတဲ့ အနေအထားနဲ့ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က