လက်ရှိမှာ အီတလီစီးရီးအေပွဲစဉ်အားလုံးရွှေ့ဆိုင်းခဲ့ပြီဖြစ်သလို စပိန်လာလီဂါ၊ ပြင်သစ်လီဂူး၊ ဂျာမနီဘွန်ဒက်စ် လီဂါတွေမှာလည်း ကွင်းပိတ်ယှဉ်ပြိုင်မှုတွေရှိနေခဲ့တာပါ။
ပရော်ဖက်ရှင်နယ်ကစားသမားများတွင် ကူးစက်ခံရမှုများရှိလာခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေ အနေနဲ့ လာမယ့်ပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ အတည်ပြုဆုံးဖြတ်နိုင်ခြေအနီးစပ်ဆုံးရှိလာခဲ့ပြီ ဖြစ်တယ်လို့ thesun က အတည်ပြုဖော်ပြလာပါတယ်။
လက်ရှိမှာ ဥရောပနိုင်ငံများတွင် ရောဂါကူးစက်ခံရမှုနှုန်းအမြင့်ဆုံးနဲ့ သေဆုံးသူအရေအတွက် များပြားလာတဲ့အ ခြေအနေကြောင့် စိုးရိမ်မှုမြင့်တက်လာခဲ့ပြီး ဗြိတိန်နိုင်ငံအတွင်းမှာလည်း ကူးစက်ခံရသူအရေအတွက် ၅ဝဝနီးပါး ရှိလာခဲ့တဲ့အတွက် အက်ဖ်အေအနေနဲ့ အခုလိုဆုံးဖြတ်ဖို့ ရှိနေခဲ့တာပါ။
ဗြိတိန်အစိုးရအာဏာပိုင်များကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အကောင်းဆုံးထိန်းချုပ်နိုင်မယ်လို့ ယုံကြည် တဲ့အတွက် မည်သည့်အားကစားပွဲကိုမှ ရပ်ဆိုင်းမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားခဲ့ပေမယ့် ဒီကနေ့ထွက်ပေါ်လာ တဲ့ မှတ်တမ်းအရ နိုင်ငံအဝှမ်းတွင် ၄၆၀ အထိရောဂါကူးစက်ခံထားပြီးဖြစ်တယ်လို့ WHO ကအတည်ပြုထားခဲ့ တာလည်းဖြစ်ပါတယ်။
ရောဂါကူးစက်ခံရမှုနှုန်းတွင် အမြင့်ဆုံးဖြစ်နေတဲ့နိုင်ငံအရှေ့ပိုင်းတွင်အားကစားပွဲစဉ်အချို့ကို ရွှေ့ဆိုင်းဖို့တောင်း ဆိုမှုများရှိနေခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ်အသင်းကြီးများ တည်ရှိတဲ့ လန်ဒန်မြို့တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံးကူးစက်ခံထားရပြီး အရေအတွက်အား ဖြင့် ၁၀၄ဦးအထိရှိနေခဲ့တဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်နေခဲ့တာပါ။
အက်ဖ်အေအနေနဲ့ လာမယ့်ရက်သတ္တပတ်မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ဝကို ပုံမှန်အတိုင်းဆက်လက် ကျင်းပဖို့ရှိနေခဲ့ပေမယ့် ပွဲစဉ် ၃၁ကနေစပြီး ပွဲစဉ်အားလုံး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ ညွှန်ကြားဖို့ရှိ နေတယ်လို့ ဗြိတိန်မီဒီယာအများစုက ကိုးကားဖော်ပြမှုများလည်း ရှိနေခဲ့ပါတယ်။