ပွဲရလဒ်ပေါ်မူတည်ပြီး အမှတ်ပေးဖလားရဲ့ ချိန်ခွင်လျှာက ပြောင်းလဲသွားနိုင်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် သရဖူလုပွဲမှာ အဓိကကတော့ လီဗာပူးလ် နဲ့ မန်စီးတီးတို့ရဲ့ မြင်းနှစ်ကောင်ပြေးပွဲလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် တတိယနေရာက စပါးကလည်း မျှော်လင့်ချက်ရှိနေသေးပြီး အပေါ်နှစ်သင်း ခြေချော်ချိန်မှာ အခွင့်အရေးယူနိုင်မယ်ဆိုရင် မထင်မှတ်ပဲ စပါးကလည်း ဆုဖလားကို ရယူသွားနိုင်ချေရှိနေတာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပွဲစဉ် (၂၅)ပြီးဆုံးသွားခဲ့ပါပြီ။ မနေ့ညကတော့ အဲဗာတန် နဲ့ မန်စီးတီးတို့က ပွဲစဉ် (၂၆)အဖြစ် ကစားသွားခဲ့ပြီး မန်စီးတီးက လီဗာပူးလ်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ရောက်ရှိသွားပါတယ်။ တစ်ပွဲပိုကစားထားတာဖြစ်ပြီး လီဗာပူးလ်ကသာ ဘုန်းမောက်ကို အနိုင်ရလိုက်တာနဲ့ မန်စီးတီးက အဆင့် (၂)နေရာကို ပြန်ရောက်သွားမှာပါ။

ဒီရာသီ ပရီးမီးယားလိဂ် သရဖူလုပွဲမှာ အဓိကကတော့ လီဗာပူးလ် နဲ့ မန်စီးတီးတို့ရဲ့ မြင်းနှစ်ကောင်ပြေးပွဲလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် တတိယနေရာက စပါးကလည်း မျှော်လင့်ချက်ရှိနေသေးပြီး အပေါ်နှစ်သင်း ခြေချော်ချိန်မှာ အခွင့်အရေးယူနိုင်မယ်ဆိုရင် မထင်မှတ်ပဲ စပါးကလည်း ဆုဖလားကို ရယူသွားနိုင်ချေရှိနေတာပါ။ ဒီတော့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံက ဘယ်အသင်းဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဘုန်းမောက် နဲ့ မန်စီးတီး (မတ် (၂)၊ ၂၀၁၉)

ဘုန်းမောက်က သူတို့အိမ်ကွင်းမှာဆို ချယ်လ်ဆီးလိုအသင်းကိုတောင်မှ (၄)ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့တဲ့ အသင်းပါ။ ဒီအတွက် အိမ်ကွင်းစွမ်းဆောင်ရည်ကောင်းတဲ့ ဘုန်းမောက်ကို မန်စီးတီးတို့ သတိထားရပါလိမ့်မယ်။ မန်စီးတီးက ဒီရာသီ (၄)ပွဲ ရှုံးနိမ့်ထားရာမှာ အသင်းကြီး (၆)သင်းထဲက ချယ်လ်ဆီးတစ်သင်းသာ ပါခဲ့ပြီး ကျန်အသင်းတွေက အသင်းငယ်လေးတွေ ဖြစ်နေတာကို သတိပြုရပါမယ်။

ဘုန်းမောက်ရဲ့ ထင်မှတ်မထားတဲ့ ခြေစွမ်းက မန်စီးတီးရဲ့ ဆုဖလားရယူနိုင်ရေး အိပ်မက်ကို ဖျက်စီးပစ်နိုင်တာမို့ ဂွာဒီယိုလာနဲ့ သူ့ရဲ့ တပည့်ကျော်တွေ သတိကြီးကြီးထား ချဉ်းကပ်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။ ချန်ပီယံဖလား လမ်းကြောင်းကို ပြောင်းလဲပေးနိုင်တဲ့ ပွဲစဉ်တွေထဲမှာ ဒီပွဲက တစ်ပွဲအပါအဝင်ပါ။

၂။ အဲဗာတန် နဲ့ လီဗာပူးလ် (မတ် (၃)၊ ၂၀၁၉)

မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်ပါ။ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ မန်စီးတီးအနိုင်ဂိုး သွင်းချိန်မှာ အဲဗာတန်ပရိသတ်တွေက ပျော်ရွှင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါက မာဆေးဆိုက်ဒ်အသင်းနှစ်သင်းကြားမှာ ဘယ်လောက်ထိ အငြိုးတရားတွေ ကြီးမားလဲဆိုတာကို သိသာစေခဲ့ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးလ်တို့ ပရီးမီးယားလိဂ်ဖလားမရဖို့အတွက် အဲဗာတန်က အိမ်ကွင်းမှာ ဖောင်ဖျက်ကစားလာမှာပါ။

အန်ဖီးလ်မှာကစားခဲ့တုန်းကတော့ အဲဗာတန်က ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါဘီပြိုင်ဘက်ရဲ့ အောင်ပွဲခံပုံကို မမြင်ချင်ဘူးဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ စိတ်ဓာတ်က ဒီပွဲမှာ အရာရာကို ဖြစ်လာနိုင်စေပါတယ်။ ဒီအတွက် လီဗာပူးလ်အတွက်လည်း ဒီပွဲက အန္တရာယ်များနေမှာ သေချာပါတယ်။

၃။ ယူနိုက်တက် နဲ့ မန်စီးတီး (မတ် (၁၆) ၊ ၂၀၁၉)

နောက်ထပ် ဒါဘီပွဲတစ်ခုပါ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မန်ချက်စတာဒါဘီက အကြမ်းတမ်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ မနှစ်က မန်စီးတီးအသင်း ဆုဖလားရချိန်မှာတောင် သူတို့နှစ်သင်း ဆုံတွေ့ခဲ့မှုက အကြိတ်အနယ်ရှိခဲ့ပြီး ဂုဏ်သိက္ခာအရ ကွင်းထဲမှာ အသားကုန်ကစားခဲ့ကြတာပါ။ ဒီအတွက်ကြောင့်လည်း မန်ချက်စတာဒါဘီပွဲတွေက အမြဲတမ်း ကြည့်ကောင်းနေခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး မန်စီးတီးက အမှတ်ပေးဖလားအတွက် ကြိုးစားနေချိန်မှာ ဆုံတွေ့ဦးမှာမို့ ထင်တာထက်တောင်မှ ပိုပြီး အကြိတ်အနယ်ရှိလာမှာပါ။ ပထမအကျော့က ရှုံးကြွေးကိုဆပ်ဖို့ ကြိုးစားလာမယ့် ယူနိုက်တက်ကြောင့် မန်စီးတီးရဲ့ ဆုဖလားလမ်းကြောင်းကလည်း သွေဖယ်သွားနိုင်ပါတယ်။

၄။ ချယ်လ်ဆီး နဲ့ တော့တင်ဟမ် (ဖေဖော်ဝါရီ (၂၇)၊ ၂၀၁၉)

လန်ဒန်ဒါဘီဆိုပေမယ့် ထင်သလောက် အကြိတ်အနယ်မရှိပါဘူး။ ဒါပေမယ့် စပါးရဲ့ အနေအထားကြောင့် ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။ ချယ်လ်ဆီးကနေ စပါးရဲ့နောက်မှာ ကပ်လျက်ရှိနေတဲ့အသင်းမို့ အဆင့် (၃)နေရာအတွက် ကစားလာမှာပါ။ ပုံမှန်အားဖြင့် စပါးက ချန်ပီယံဆုအတွက် ထင်ကြေးပေးမခံရတဲ့ အသင်းဆိုပေမယ့် သချာၤနည်းအရတွက်ကြည့်ရင် ချန်ပီယံဖြစ်နိုင်သေးတာမို့ ဆုဖလားကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲအဖြစ် သတ်မှတ်ရတာပါ။

ဆုဖလားအတွက် မဟုတ်ရင်တောင်မှ စပါးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ သေချာဖို့ ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးကလည်း ဒီရာသီမှာ ဝင်ကစားခွင့်မရခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်ရာသီမှာ ပြန်ကစားနိုင်ဖို့ ကြိုးစားလာမှာပါ။

၅။ လီဗာပူးလ် နဲ့ တော့တင်ဟမ် (မတ် (၃၁)၊ ၂၀၁၉)

ဒီပွဲစဉ်ကစားမယ့်အချိန်ထိ စပါးကလည်း ဆုဖလားလမ်းကြောင်းပေါ်မှာ ရှိနေဦးမယ်ဆိုရင် တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ဝင်ဘလေမှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်က (၂-၁)နဲ့ အနိုင်ယူထားပြီး အန်ဖီးလ်မှာလည်း စပါးကို အသာရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဆိုခဲ့တဲ့

တိုင်း စပါးအနေနဲ့ ဆုဖလားလမ်းကြောင်းပေါ်မှာ ဆက်ရှိနေခဲ့မယ်ဆိုရင် သူတို့ကလည်း အားကုန်ညှစ်ကစားလာမှာပါ။

လီဗာပူးလ်အနေနဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီလိုပွဲကို မဖြစ်မနေ အနိုင်ကစားထားမှ စိတ်ချရမှာလည်း ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မန်စိးတီးကိုရော၊ စပါးကိုပါ အခွင့်အရေးပေးလိုက်သလို ဖြစ်ပြီး သူတို့ရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးသွားနိုင်ပါတယ်။ လီဗာပူးလ်အတွက် အရမ်းအရေးကြီးတဲ့ ပွဲပါ။

၆။ ယူနိုက်တက် နဲ့ လီဗာပူးလ် (ဖေဖော်ဝါရီ (၂၄)၊ ၂၀၁၉)

မကြာခင် ကစားကြမယ့်ပွဲပါ။ အင်္ဂလန်ဒါဘီပွဲဖြစ်ပြီး ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက် အမှတ်ပေးဖလားကို အကြိမ်အများဆုံး ရရှိထားတဲ့ အသင်းနဲ့ တစ်ကြိမ်မှ မရဖူးသေးတဲ့ အသင်းတို့ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေချိန်၊ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြနေတဲ့အချိန်ဖြစ်လို့ ယူနိုက်တက်အတွက် ပြိုင်ဘက် လီဗာပူးလ်ကို ထိုးနှက်ဖို့ အခွင့်ကောင်းပါပဲ။

ပြီးတော့ ပထမအကျော့က ဂိုးပြတ်ရှုံးကြွေးကို ပြန်ဆပ်ရမယ့်ပွဲလည်း ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းမှာ ပထမဆုံးအခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကို အကောင်းဆုံးကျော်ဖြတ်ထားနိုင်မှသာ လက်ကျန်ပွဲတွေအတွက် အင်အားဖြစ်လာပါလိမ့်မယ်။ လီဗာပူးလ်ကျော်ဖြတ်နိုင်မလား၊ ယူနိုက်တက်ကပဲ လီဗာပူးလ်ကို အလဲထိုးမလား အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။

၇။ မန်စီးတီး နဲ့ စပါး (ဧပြီ (၂၀)၊ ၂၀၁၉)

ဘောလုံးရာသီ ကုန်ဆုံးဖို့ အနီးစပ်ဆုံးအချိန်ကို ရောက်ချိန်မှာ ကစားရမှာပါ။ ဒီအချိန်ထိကို (၃)သင်းအပြိုင်အဆိုင်ဖြစ်နေရင် ဆုဖလားအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲကြီးဖြစ်လာမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက အရေးအကြောင်းကြုံလာရင် ဘယ်လိုမှ အမမှားမခံပဲ ဖိဖိစီးစီးကစားတတ်တာမို့ အိမ်ကွင်းမှာ စပါးကို အသာစီးယူနိုင်ဖွယ် ရှိပါတယ်။

ဒါပေမယ့် စပါးကလည်း ဆုဖလားမျှော်လင့်ချက်ရှိသေးတယ်ဆိုရင် ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပုံစံအတိုင်း အီတီဟတ်စ်မှာ မန်စီးတီးကို အနိုင်ရအောင် ကစားနိုင်ဖို့ ရုန်းကန်လာမှာပါ။ တကယ်လို့ မန်စီးတီး နဲ့ လီဗာပူးလ်တို့ပဲ နှစ်ကောင်တည်းပြေးနေတဲ့ ပြိုင်ပွဲဖြစ်ခဲ့မယ်ဆိုရင် မန်စီးတိးအတွက် မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲဖြစ်လာမှာပါ။

Share

Loading Next Article...
က္က